၁၈ နိုဝင်ဘာ

 

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီ မြို့တော်ရှိ လစ်ဗျား လူဝင်မှုကြီးကြပ် ထိန်းချုပ်ရေး ဌာနက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၂ ဦးကို ချဒ် နှင့် ဆူဒန် နိုင်ငံတို့သို့ ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

 

လစ်ဗျားနိုင်ငံ ထိန်းသိမ်းရေး စင်တာများတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၅၀ဝ၀ဝ ကျော်ရှိရာ ၎င်းတို့ အနက်မှ ၆၀ဝ၀ မှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြောင်း ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း က မကြာသေးမီက ပြောကြားခဲ့သည်။

 

၂၀၁၁ ခုနှစ် ခေါင်းဆောင်ဟောင်း မိုဟာမက်ကဒါဖီ ရာထူးမှ ပြုတ်ကျပြီးချိန်မှစ၍ လစ်ဗျားနိုင်ငံသည် လုံခြုံမှု ကင်းမဲ့ခြင်းနှင့် ပရမ်းပတာ ဖြစ်ခြင်းတို့ကြောင့် ယင်းနိုင်ငံမှ ဉရောပဆီသို့ မြေထဲပင်လယ်ကို ဖြတ်သန်းရန် ရွေးချယ်ခဲ့ကြသည့် ထောင်ချီရှိသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအနက် အများစုမှာ အာဖရိက တိုက်သားများ ဖြစ်ကြသည်။

 

အဆိုပါ စင်တာများကို ပိတ်ရန် အပြည်ပြည်ဆိုင်ရာက တောင်းဆိုခဲ့သော်လည်း လစ်ဗျား လုံခြုံရေး ဝန်ထမ်းများက ထောင်ချီရှိသော ရွှေ့ပြောင်း နေထိုင်သူများကို ပင်လယ်ပြင်၌ ကယ်ဆယ်ခြင်း၊ ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် လစ်ဗျားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် လူပြည့်ကျပ်နေကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို