တရားမဝင် သစ်မျိုးစုံ၊ စက်ယန္တရားယာဉ်များ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်၊ ဝါးတရာဆိပ်ကမ်း၌ တရားမဝင်ကျွန်းသစ်(၇၉ ဒသမ၂၅၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂,၃၀၈,၁၀၂)၊ (၂၂)ဘီးယာဉ် တွဲကား (၃)စီး၊ ကရိန်းယာဉ်(၁)စီး၊ လူစီးကား(၁)စီးနှင့် စက်လှေ (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန်(၂)၊ (၈၉)ရပ်ကွက်၊ မင်းသားကြီးလမ်း၊ ခြံအမှတ် (၁၂၈)၌ တရားမဝင် သစ်မျိုးစုံ (၁၇၂ဒသမ ၀၀၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၃,၅၉၈,၀၇၈)ကိုလည်းကောင်း၊ စုစုပေါင်း( ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၅,၉၀၆,၁၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၁ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တနိုင်းမြို့နယ်၊ မိုင်းခွန် ကျေးရွာရှိ တရားမဝင်ရွှေမှော်၌ လိုင်စင်မဲ့ Doosan အမျိုးအစား အနီရောင်ဘက်ဟိုးယာဉ်(၁)စီး၊ Komatsu အမျိုးအစား အဝါရောင်ဘက်ဟိုးယာဉ် (၁)စီး၊ Volvo အမျိုးအစား အဝါရောင်ဘက်ဟိုး ယာဉ်(၁)စီးနှင့် CAT-320C အမျိုးအစား အဝါရောင်ဘက်ဟိုးယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် စက်တင်ဘာ ၂ ရက်တွင် မွန်ပြည်နယ်တရား မဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား (မော်လမြိုင်)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် RBD Palm Olein စားအုန်းဆီ လီတာ (၃၉၆၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၇၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၈၀,၀၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၂၃)မိုင် (၂)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Hummer တူ ကီလိုဂရမ် (၉၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၈၉၇,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၈၉၇,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃ ရက်တွင် ဘုရားကြီးမြို့၊ Famous ဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Furosic 40 mg ဆေးဝါး (၁၁၀၀)ဘူး၊ Envelop စာအိတ် (၇၆၈)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၂၅,၂၄၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ် (၁ ဒသမ ၉၅၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆,၉၃၄)ကိုလည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် ပဲခူးခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၃.၄၉၉)တန်နှင့် သစ်မာ (၀ ဒသမ ၁၈၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၅၀,၄၃၆)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၁၁၂,၆၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၁၅,၆၉၅,၇၉၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်