နေပြည်တော် ၁၈ မတ်
ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ဒိန်းမတ်နိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြား ရေးမှူး Mr. Henrik Lange နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေရေးရာများလေ့လာသုတေသနပြုခြင်း၊ ဥပဒေရေး ဆွဲရေး၊ ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများကျင့် သုံးဆောင်ရွက်ရေး၊ မြန်မာနိုင်ငံကအတည်ပြုလက်မှတ်ရေးထိုးထားသည့် လူ့အခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ အကောင်အထည်ဖော်ရေးတို့နှင့်သက်ဆိုင်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)


