mdn

ကွေ့ရန် ၃၀ အောက်တိုဘာ

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အောက်တိုဘာ ၂၈ ရက်က အဆောက်အအုံ ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့ ပြောကြားလိုက်သည်။

 

ကွေ့ကျိုးပြည်နယ်၏မြို့တော် ကွေ့ရန်မြို့ရှိ တည်ဆောက်ဆဲမြေအောက်ကားရပ်နားရာ နေရာတစ်ခု ယမန်နေ့ ညနေ ၄ နာရီ ၂၁ မိနစ်တွင် ပြိုကျခဲ့ကြောင်း ခရိုင်အစိုးရအဖွဲ့ ပြန်ကြားရေးရုံးက ပြောကြားသည်။ မတော်တဆ ဖြစ်ပွားချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ စုစုပေါင်း လူ ၁၄ ဦး လုပ်ကိုင်နေချိန်ဖြစ်သည်။

 

လူသုံးဦး လွတ်မြောက်ခဲ့ပြီး တစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ ကျန်ရှိသော လူ ၁၀ ဦးမှာ ပြိုကျအဆောက်အအုံအတွင်း ပိတ်မိခဲ့သည်။


ယနေ့ နံနက် ၃ နာရီတွင် ပိတ်မိနေသော အလုပ်သမား ၁၀ ဦးကို တွေ့ရှိခဲ့ပြီး လူရှစ်ဦးသေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန် - ကျော်ထိုက်စိုး