၂၁ နိုဝင်ဘာ 

 

ဥရောပရှိ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကျဆင်းနေတယ်။ အကျဉ်းသားတွေမှာ ကုသမှုမပေးတဲ့ အခြေအနေနဲ့ လုံလောက်တဲ့ ထောက်ပံ့မှုမရှိတာမျိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

 

အခုလို အခြေအနေဟာ ပြည်သူ့ကျန်းမာရေးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာစေပါတယ်။ ဥရောပနိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း လေ့လာတွေ့ရှိချက်အရ တီဘီရောဂါ၊ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ၊ စိတ်ရောဂါနဲ့ တခြားရောဂါတွေ ဖြစ်ပါတယ်။ 

 

1

 

လူတစ်ယောက်ကို အကျဉ်းချခြင်းဟာ သူ့ရဲ့ လွတ်လပ်ခွင့်ကို ဖယ်ရှားပြီးဖြစ်တယ်။ သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို ဖယ်ရှားစရာမလိုဘူး သူတို့မှာ ကျန်းမာရမယ်ဆိုတဲ့ အခွင့်အရေးရှိကြပါတယ်လို့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဘန်တီ မိုက်ကယ်ဆန်က ပြောပါတယ်။ 

 

၁၄ ရာခိုင်နှုန်းသော အကျဉ်းထောင်သားတွေဟာ ထောင်ကိုရောက်ရောက်ခြင်း စိတ်ကျန်းမာရေး စစ်ဆေးခြင်းမခံရဘဲ ၁၃.၅ ရာခိုင်နှုန်းသော အကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကိုသတ်သေကြောင်း သိရပါတယ်။  ဥရောပမှာ နှစ်စဉ် အကျဉ်းသားဦးရေ ၆ သန်း နီးပါးရှိတယ်လို့ WHO က ပြောပါတယ်။ 

 

5


MDN
ကိုးကား - AFP