နေပြည်တော် အောက်တိုဘာ ၂၉

 

နေပြည်တော် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် တောင်ညိုနယ်မြေ မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးသန်းလှိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက တောင်ညိုကျေးရွာအုပ်စု ဆယ်သိန်းကျေးရွာအတွင်း အရေးပေါ် မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များကို လိုက်လံစစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)