နေပြည်တော် ၁၂ မတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိအဆင့်အရာထမ်းများ လုပ်ငန်းခွင်ဝင်အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီ တွင် နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
အဆိုပါ ဦးစီးအရာရှိ အဆင့်အရာထမ်းများ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းအား သင်တန်းသား၉၂ဦးဖြင့် ရက်သတ္တ (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)


