၃၁ အောက်တိုဘာ
အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ အသက်၂၅ နှစ်အရွယ် အမျိုးသမီးငယ်ရဲ့ ဦးနှောက်ကို ခွဲစိတ်နေစဉ်မှာ သတိရှိနေသလို စကားလည်း ပြောဆိုနိုင်ပါတယ်။ မိနစ် ၄၀ ကြာတဲ့ ခွဲစိတ်ကုသမှုကို ဖေ့စ်ဘုတ်ကနေ live ထုတ်လွှင့်ခဲ့ရာ ကြည့်ရှူ့သူ တစ်သိန်း နီးပါးအထိ ရှိနေပြီလို့ သိရပါတယ်။
ဂျန်နာ ရှဒ် ရဲ့ ဦးနှောက်ဘယ်ဘက်ခြမ်းမှာ သွေးကြောတွေ ရှုပ်ထွေးနေတဲ့အတွက် လေဖြန်းဖူးကြောင်း၊ လေဖြန်းခဲ့တဲ့အတွက် စကားပြောခြင်း စွမ်းရည်အပေါ် ထိခိုက်မှုရှိခဲ့ကြောင်း မက်သဒစ် ဒဲလ(စ်)ဆေးရုံရှိ အာရုံကြောကုသရေးဌာနအုပ် နီမက်ချ် ပက်တယ်က ပြောပါယ်။
လူနာရဲ့ ဦးနှောက်ကို ခွဲစိတ်နေစဉ်မှာ ဆရာဝန်တွေက ဦးနှောက်ရှိ ခွဲစိတ်ရမယ့် အပိုင်းကို အမှားအယွင်း မဖြစ်အောင် လူနာကို ငှက်၊ ခွေးနဲ့ အစဉ်လိုက် ကိန်းဂဏန်းတွေ မေးမြန်းပြောဆိုပြီး ခွဲစိတ်ဖယ်ရှားရမယ့် အပိုင်းကို သေချာအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်နေစဉ် ဆရာဝန်တွေက လူနာရဲ့ မှတ်ဉာဏ်ကို စမ်းသပ်တဲ့အနေနဲ့ လွန်ခဲ့တဲ့ လေးနှစ်ခွဲက သေဆုံးခဲ့တဲ့ သူမရဲ့ ခွေးအကြောင်း မေးမြန်းတာမျိုး ပြုလုပ်ခဲ့ကြောင်း အာရုံကြောကုသရေးဌာနအုပ် ပက်တယ်က ဆက်ပြောပါတယ်။
ဦးနှောက်ရဲ့ ခွဲစိတ်ရမယ့် အပိုင်းကို မူတည်ပြီး လူနာက သတိရှိနေဖို့ လိုသလို တခါတရံမှာ ခွဲစိတ်နေစဉ် သတိမေ့ပြီး အိပ်နေဖို့လည်း လိုအပ်ကြောင်း ပက်တယ်က ရှင်းပြပါတယ်။
လူနာဟာ စကားပြောမှုနဲ့ လှုပ်ရှားမှုဆိုင်ရာ ဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသူဖြစ်ပြီး။ သူမကိုယ်တိုင်က လူတွေကို ပညာပေးချင်တဲ့အတွက် ဆေးရုံရဲ့ အကောင့်ကနေ တဆင့် live ထုတ်လွှင့်တာ ဖြစ်ပါတယ်။
အင်္ဂါနေ့ညနေပိုင်းက ခွဲစိတ်ခဲ့တဲ့ လူနာ ဂျန်နာရှဒ်ဟာ ဒီကနေ့ (ကြသပတေးနေ့) မနက်ပိုင်းမှာ ဆေးရုံကနေ ဆင်းရမယ်လို့ မျှော်လင့်ရပါတယ်။
MDN
ကိုးကား - AFP


