ဝေါ ၁၉ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တောစွန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ သိန်း(၁၀ဝ)ဖြင့် အိမ်ခြေ (၂၄၃) ၊ လူဦးရေ (၁၂၀၈)ဦးရှိ သဘော့ကန်ကျေးရွာအုပ်စု တောစွန်းကျေးရွာ၌ အရှည်ပေ ၃၁၀ဝ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မရှိ ဂဝံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများပံ့ပိုးမှု၊ ကျေးလက်နေပြည်သူများ၏ စုပေါင်းလုပ်အား များဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို တောစွန်း၊ အင်းတိုင်စု၊ ကဒွတ်၊ ညောင်ခါးရှည်၊ စက်စု၊ နောင်ပတ္တရာ၊ ဖိုးစိန္ဒာစု၊ တမာတကေ၊ ဝင်းကဒက်၊ အုတ်ဖို (၂) စသည့် ကျေးရွာ(၁၀)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင် က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


