၂၂ အောက်တိုဘာ

 

 

ဝီကီလိဒ် တည်ထောင်သူ ဂျူလီယံ အဆန့်ချ် ဟာ ဗြိတိန်တရားရုံး တစ်ရုံးမှာ မနေ့က ရုံးထုတ်တာကို တွေ့ရပါတယ်။  ခြောက်လအတွင်း အဆန့်ချ်ကို  လူမြင်ကွင်းမှာ  ပြန်လည် တွေ့မြင်ခဲ့တာ ဖြစ်ပါတယ်။

 

 

အသက် ၄၈ နှစ်အတွက် သြစတြေးလျနိုင်ငံသား ဂျူလီယံ အဆန့်ချ် ဟာ အမေရိကန်နိုင်ရဲ့ သူလျှို ဥပဒေအရ အမေရိကန် နိုင်ငံကို တရားခံလွှဲပြောင်း ခံရနိုင်ပါတယ်။ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ တရားခံ လွှဲပြောင်းပေးရေး ဆုံးဖြတ်ချက် မချခင် တရားရင်ဆိုင်မှုကိုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

 

အပြာရောက် ဂျက်ကတ်နဲ့ အမဲရောင် ဘောင်းဘီ ဝတ်ဆင်ပြီး သန့်သန့်ပြန့်ပြန့် ရှိနေတဲ့ အဆန့်ချ် ဟာ သူ့ရဲ့ မွေးသက္ကရာဇ် ပြောဖို့တောင် ခက်ခဲနေတာမျိုး၊ စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေကို တွေ့ရပါတယ်။

 

 

လုံခြုံရေး တင်းတင်းကျပ်ကျပ်ရှိတဲ့ လန်ဒန်အရှေ့တောင်အရပ်ရှိ ဘဲမက်ချ် အကျဉ်းထောင်မှာ အဆန့်ချ်ကို ချုပ်နှောင်ထားပြီး စာရေးဖို့တောင် ခက်ခဲနေချိန်မှာ ဒီလူတွေကတော့ လိုချင်တာတွေ အကုန်ရရှိနေပါတယ်လို့ အသံတိုးတိုးလေးနဲ့ ပြောကြားသွားပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ နောက်တစ်ကြိမ် တရားရုံးထုတ်မှာ ဖြစ်ပါတယ်။

 

 

အဆန့်ချ်ဟာ တရားစွဲချက်တွေအားလုံး ကျူးလွန်ခဲ့မယ်ဆိုရင် အမေရိကန် အကျဉ်းထောင် တစ်ခုမှာ နှစ်ပေါင်း ၁၇၅ နှစ် အကျဉ်းကျခံရမှာ ဖြစ်ပါတယ်။

 

 

အဆန့်ချ် တရားရင်ဆိုင်ရတဲ့ တရားရုံးရှေ့မှာ သူ့ကို ထောက်ခံတဲ့ လူ ၅၀ လောက်က စုရုံးပြီး ဂျူလီယံအဆန့်ချ် လွှတ်မြောက်ရေးဆိုတာကို ကြွေးကြော်နေကြပါတယ်။ တရားရုံးအတွင်းမှာလည်း သူ့ကိုထောက်ခံတဲ့ သတင်းထောက်တွေနဲ့ လန်ဒန်မြို့တော်ဝန်ဟောင်းတို့ပါ ဝင်ရောက်နားထောင်ကြောင်း သိရပါတယ်။ 

 

 

MDN

ကိုးကား - AFP