ရေစကြို ၁၄  မတ် 

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဝါယာ-သာစည် လျှပ်စစ်မြစ်ရေတင်မှ ယခုနှစ် နွေသီးနှံအတွက် စိုက်ပျိုးရေ ပေးဝေနိုင်ရန် မြစ်ရေအား ပွန်တွန်းဆီသို့ ဆက်သွယ်သည့် ရေခေါ်မြောင်းကို တူးဖော်ပြီးဖြစ်သောကြောင့် မတ်လ ၁၅ ရက်နေ့မှစတင်ကာ နွေသီးနှံစုစုပေါင်းဧက ၂၀ဝ၀ အတွက် စိုက်ပျိုးရေ ပေးဝေတော့မည်ဖြစ်ကြောင်း သိရသည်။

 

နွေရာသီ ချင်းတွင်းမြစ်အတွင်း ရေနည်းချိန်များတွင် မြစ်ရေတင်မှ ရေတင်ယူသည့် ပွန်တွန်းနေရာမှာ ရေနည်းပါးနေပြီး အင်းချောင်အဖြစ် ကျန်ရစ်ကာ  ချင်းတွင်းမြစ်နှင့် မြစ်ရေတင်အကြား သောင်ထွန်းလေ့ရှိကြောင်း သိရသည်။ 

 

ထို့ကြောင့် နွေရာသီတွင် ဝါယာ-သာစည် လျှပ်စစ်မြစ်ရေတင်မှ စိုက်ပျိုးရေ ပေးဝေနိုင်ရန်  ချင်းတွင်းမြစ်နှင့် မြစ်ရေတင်ကြားရှိ သောင်ခုံအား တူးဖော်ကာ အကျယ်ပေ ၄၀ အရှည်ပေ ၂၃၀ဝ ရှိ ရေခေါ်မြောင်းကို တူးခေါ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါရေခေါ်မြောင်း တူးဖော်ခြင်းကို မတ် ၄ ရက်ကပြီးစီးခဲ့သဖြင့် မတ် ၁၅ ရက်မှစတင်ကာ နွေသီးနှံ စိုက်ပျိုးရန် ရေပေးဝေတော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လျှပ်စစ်မြစ်ရေတင်မှ နွေသီးနှံအတွက် စပါး ဧက ၅၀ဝ နှင့် အခြားနွေသီးနှံဧက ၁၅၀ဝ အတွက် စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်ကြောင်း ဝါယာလျှပ်စစ် မြစ်ရေတင်ဦးစီးမှူး ဦးဇော်မင်းဦးထံမှ သိရသည်။

 

အိမွန်ဆွေ(ရေစကြို)

 

IMG-69ff4