၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပခုက္ကူမြို့နယ်အတွင်း ဖောက်လုပ်ရန် လျာထားသည့် ကျေးရွာလမ်းများအား ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ၅  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ရန်လျာထားသည့် ကျေးရွာလမ်းများအား ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း လေ့လာ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

2563

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားမှူး ဒေါ်ကြည်ကြည်မာနှင့် ဝန်ထမ်းအဖွဲ့တို့ပါဝင်ကြပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ရန်လျာထားသည့် ပခုက္ကူမြို့နယ် အတွင်းရှိ မကျီးသုံးပင်အုပ်စု၊ သစ်ပုလွေကုန်းကျေးရွာ၊ ဘဲကြီးအုပ်စု၊ဘဲကြီးကျေးရွာ၊ ညောင်ပင်အုပ်စု၊ ညောင်ပင်ကျေးရွာ၊ သရက်တောအုပ်စု၊ အင်းဝိုင်းကျေးရွာ စသည့် ကျေးရွာ (၄)ရွာ တို့၏ ကျေးလက်မြေပြင် လမ်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးကြခဲ့ကြသည်။

 

4141

 

ထို့အပြင် ကျေးလက်နေပြည်သူများ နွေရာသီကာလများတွင် ရေပြတ်လပ်မှု လျှော့ချနိုင်ရေးအတွက် ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ရန် လျာထားသည့် ကျတ်ထိုးအုပ်စု၊ကြိုးတန်းကျေးရွာ၊ ဖလံအိုအုပ်စု၊ ဖလံအိုကျေးရွာ၊ ကန်ပေါက်စုကျေးရွာ၊ ရေမျက်အုပ်စု၊ အင်ကြင်းကျေးရွာ၊ ဒဲ့ပြားအုပ်စု၊ ဒဲ့ပြားကျေးရွာ၊ ချိုင်အုပ်စု၊ ချောင်းခွကျေးရွာ၊ ပန်းတိုင်းခြုံအုပ်စု၊ ဘုန်းကန်(အရှေ့)ကျေးရွာများစသည့် ကျေးရွာ(၇)ရွာတို့တွင် လည်း ကျေးရွာနေပြည်သူများ၏ ဆည်ရေနှင့် ကန်ရေ၊ စက်ရေတွင်းနှင့် လက်ရေတွင်း တူးဖော်ထားမှုနှင့် ရေလုံလောက်စွာရရှိမှု ရှိ/မရှိအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

963258

 

ဆလိုင်းကိုကီး