၅ လခွဲကြာ တာဝန်ထမ်းဆောင်ပြီးနောက် အာကာသယာဉ်မှူးများ နိုင်ငံတကာ အာကာသစခန်းများမှ ပြန်လည်ရောက်ရှိ

Kyodo News, June 4, 2018

 

နိုင်ငံတကာ အာကာသစခန်းမှ အာကာသယာဉ်မှူး ၃ ဦးသည် ၅ လခွဲကြာ တာဝန်ထမ်းဆောင်ပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းကို အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသဌာနထံမှ သိရသည်။

 

အာကာသစခန်းမှ ပြန်ခွင့်ပေးပြီးနောက် အာကာသ သူရဲကောင်းများ ဖြစ်ကြသည့် ရုရှားနိုင်ငံမှ Anton Shkaplerov ၊ ဂျပန်နိုင်ငံမှ Norishige Kanai နှင့် NASA မှ Scott Tingle တို့သည် Soyuz အာကာသယာဉ်ဖြင့် ညနေ ၆ နာရီ မိနစ် ၄၀ တွင် ကမ္ဘာမြေသို့ ရောက်ရှိခဲ့သည်။

 

အဆိုပါ အာကာသယာဉ်မှူး ၃ ဦးသည် ဒီဇင်ဘာလလယ်ကတည်းက ကမ္ဘာပတ်လမ်းကြောင်းပြ ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အသက် ၄၆ နှစ်အရွယ်ရှိ ရုရှားအာကာသမှူး Shkaplerov သည် ဖေဖော်ဝါရီလမှ စတင်ပြီး အမေရိကန်နိုင်ငံသား Drew Feustel ရောက်ရှိလာသည့် စနေနေ့အထိ အဖွဲ့၏ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

အာကာသယာဉ်စီးပြီး ကမ္ဘာမြေကို ဆင်းရတာ ရိုလာကိုစာတာ စီးရသလိုပါပဲ။ ခန္ဓာကိုယ်က လေးလံနေပြီး တစ်ခုခု ဆွဲထားသလို ခံစားရတယ် ဟု Kanai က အာကာသယာဉ်စီးရသည့် အတွေ့အကြုံကို သတင်းသမားများအား ပြောပြသည်။

 

ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ ဆရာဝန်ဟောင်းတစ်ဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Kanai မှာ မြေဆွဲအားမရှိသည့် အတွက်ကြောင့် အာကာသစခန်းတွင် ရက်သတ္တပတ် ၃ ပတ်ကြာနေပြီးနောက် အရပ် ၉ စင်တာမီတာ ပိုရှည်လာသည်ဟု Twitter စာမျက်နှာတွင် ရေးသားဖော်ပြမှုဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိထားသူ ဖြစ်သည်။ အမှန်တကယ်မှာ အရပ် ၂ စင်တီမီတာသာ ရှည်ခြင်းဖြစ်ပြီး တိုင်းတာမှု မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း Kanai က နောက်ပိုင်းတွင် ထပ်ပြောသည်။

 

Kanai သည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဂျပန်နိုင်ငံ၏ ၁၂ ယောက်မြောက် အာကာသယာဉ်မှူးအဖြစ် သိပ္ပံနည်းကျ အချက်အလက်များကို လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အာကာသစခန်းတွင် လအတန်ကြာနေထိုင်ခဲ့သည့် ၇ ဦးမြောက် အာကာသယာဉ်မှူးလည်း ဖြစ်သည်။

 

Kanai သည် ဖေဖော်ဝါရီလတွင် အာကာသအတွင်း လမ်းလျှောက်ခဲ့သော စတုတ္ထမြောက် ဂျပန်နိုင်ငံသား အာကာသယာဉ်မှူးဖြစ်လာသည်။

 

အမေရိကန် အလုပ်သမားဖြည့်တင်းရေးသင်္ဘောကို ဖမ်းဆီးရန်အတွက် ဧပြီလတွင် နိုင်ငံတကာ အာသာစခန်း၏ စက်ရုပ်လက်နက်တီထွင်မှုကို ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။ 

 

Translated by Su Wunna