5G ကွန်ရက် ဆက်သွယ်ရေးစနစ်အတွက် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဆွေးနွေး

တိုကျို  ၂၈ မေ

 

မျိုးဆက်သစ် ဆက်သွယ်ရေးစနစ် 5G ကွန်ရက်အတွက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံများမှ ဆက်သွယ်ရေး ဝန်ကြီးများဟာ မေ ၂၈ ရက်က တိုကျိုမှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။

 

5G ကွန်ရက် ဆက်သွယ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပြီး “ ပိုမို ပွင့်လင်းမြင်သာမှုရှိတဲ့ နိ်ုင်ငံတကာ ဈေးကွက်စီးပွားရေးတစ်ခု ထူထောင်ဖို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ အသုံးချမှုကို မြှင့်တင်သင့်တယ်။ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ လုံခြုံမှုအတွက် အာမခံချက်ရှိအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်” လို့ ဂျပန် ဆက်သွယ်ရေးဝန်ကြီး  စီကိုနိုဒါက ပြောခဲ့ပါတယ်။

 

သက်ဆိုင်ရာ ဆက်သွယ်ရေးကွန်ရက်ကို ကျော်လွန်ပြီး ပြည်ပဖုန်းခေါ်ဆိုမှုအတွက် ကုန်ကျစရိတ် သက်သာ စေမယ့် နည်းလမ်းကို ရှာဖွေသွားကြမှာဖြစ်ပြီး အခြေခံ အကြောင်းအရာပေါ်မူတည်ကာ  ဆွေးနွေးပွဲများလည်း ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

NHK