(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများ ကျင်းပမည်

ကျိုင်းတုံ ၅  ဖေဖော်ဝါရီ           

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပပြီး ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး၏ ပံ့ပိုးကူညီမှုဖြင့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တစ်ဦးချင်း၊ နှစ်ယောက်တွဲ(အလွတ်တန်း)ပြိုင်ပွဲများနှင့် လေးယောက်တွဲ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများဖြစ်ပြီး ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဆုများကို (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)