အချက်အလက် တိကျခိုင်မာမှ ယုံကြည်

ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ ပတ်ဝန်းကျင်၌ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ငါးနေရာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ယင်းကို အက်စစ်လောင်း၍ ဖျောက်ဖျက်ရန်စီစဉ်ထားခြင်းကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း အေပီသတင်းဌာနက ဖေဖော်ဝါရီလ ရက်နေ့တွင် ဖော်ပြခဲ့ပြီး အခြားမီဒီယာများကလည်း ဆင့်ပွားဖော်ပြခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းမှ စွပ်စွဲမှုများ၊ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။ ထို့ကြောင့် ထိုဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ စိစစ်တင်ပြရန် နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်အရ စစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ ဖေဖော်ဝါရီ ရက်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိကြောင်း ပဏာမတွေ့ရှိခဲ့သည်။

 

ဖေဖော်ဝါရီလ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ဒုက္ခသည်စခန်းများမှာ တွေ့ခဲ့ရသည့် မုသားစကားများအကြောင်းကို ဟန်နာဘိချ်က ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ဆောင်းပါးတွင် နိုင်ငံတကာအဖွဲ့အစည်းများက ဒုက္ခသည် များအတွက် အကူအညီရနိုင်ဖို့၊ နိုင်ငံတကာ၏ စာနာထောက်ထားမှုများ ရဖို့အမျိုးသမီးများ၊ ကလေးငယ်များ ဒုက္ခခံစားရသည်များကို ရှေ့တန်းတင်ပြောလေ့ရှိသည်။ မီဒီယာများကလည်း ထိုသတင်းများကို စိစစ်လေ့မရှိဘဲဖော်ပြသည်။ ဤသို့ဖြင့် ဒုက္ခသည်များကလည်း ဇာတ်နာလာအောင်လုပ်ကြံထားသည့် အဖြစ်အပျက်များကို ပြောလာတော့သည်ဟု ရေးသားထားသည်။

 

သတင်းပိုင်းဆိုင်ရာ သဘောထားနှင့်စံနှုန်းများ စနစ်တကျသတ်မှတ်ထားသည့် နိုင်ငံတကာ သတင်းဌာနများသည် မတိကျမှု၊ ပေါ့ဆ၍ သတိမမူမှု၊ဘက်လိုက်မှု သို့မဟုတ် လိုရာဆွဲ၍ မမှန်မကန် ဖော်ပြမှုများကို လက်မခံကြချေ။ သတင်းအရင်းအမြစ်များသည် ယုံကြည်ရလျက် တိကျမှန်ကန်သော သတင်းအချက်အလက် အနေအထားများရှိခြင်း၊ သတင်းအရင်းအမြစ် တစ်ခုတည်းမှ ယူလေ့မရှိခြင်း၊ စုံစမ်းဆဲကာလ၌ သတင်းကို ထုတ်ပြန်ခြင်းမပြုခြင်း၊ သတင်းမူကြမ်းကို အသုံးမပြုမီ မှန်ကန်ကြောင်းစေ့စပ်စွာစစ်ဆေးပြီး ကိုယ်ပိုင် အရင်းအမြစ်များမှနေ၍ အတည်ပြုခြင်းစသည့် မူဝါဒများရှိကြသည်။ အေပီ အပါအဝင် နိုင်ငံတကာသတင်း မီဒီယာများအနေဖြင့် သတင်းစုဆောင်းရန် သတင်း ဖြစ်ပျက်သည့်ဒေသတွင်ရှိနေမှသာ သတင်းဆောင်းပါးများ ရေးသားပေးပို့နိုင်သည်ဟု ဆိုထားသည်။ ယခုဖြစ်စဉ်သတင်းတွင် သတင်းဖြစ်ပျက်သည့်နေရာတွင် ကိုယ်တိုင်ရောက်ရှိ နိုင်ခြင်း မရှိသေးဘဲ၊ သတင်းအချက်အလက် ခိုင်မာတိကျမှုမရှိသေးဘဲ အတိအကျရှိဟန် ရေးသားလိုက်ခြင်းသည် စံနှုန်းများနှင့် လွဲချော်နေသည်ဟုဆိုနိုင်သည်။

 

အေပီသတင်းဌာနက ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်၍ အဆိုပါနေရာတွင် ယမန်နှစ် ဩဂုတ်လ ၂၈ ရက်နေ့က ARSA အစွန်းရောက်အကြမ်းဖက်သမားများနှင့် ပူးပေါင်းရွာသား အင်အား ၅၀ဝ ခန့်တို့လူအုပ်ဖြင့် ဝင်လုံးတိုက်ခိုက်ကြပြီး လုံခြုံရေးတပ်ဖွဲ့က သတိပေးတားဆီးသော်လည်း လက်နက်ငယ်မျိုးစုံဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အတင်း ဝင်တိုက်ခိုက်သောကြောင့် ပြန်လည်ခုခံပစ်ခတ်ခဲ့ရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရပြီး ARSA အစွန်းရောက်အကြမ်းဖက်သမားတိုက်ခိုက်သူ ၁၉ ဦးသေဆုံးခဲ့သည်။ သေဆုံးသူ အကြမ်းဖက်သမား ၁၉ ဦး၏ အလောင်းများကို စနစ်တကျမြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။ ယမန်နှစ်ဩဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို အားလုံးသိရှိကြပြီး ဖြစ်သည်။ သေဆုံးသူများတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများလက်ချက်ဖြင့် သတ်ဖြတ်ခြင်းခံရသူများနှင့် လုံခြုံရေးတပ်ဖွဲ့များကို ဝိုင်းဝန်းတိုက်ခိုက်ရာမှ သေဆုံးသွားသော အကြမ်းဖက်သမားများသာရှိသည်။ သေဆုံးသူများမှာ အပြစ်မဲ့ပြည်သူများ မဟုတ်ချေ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးရခြင်းတို့ကို အသိပေးထားပြီးဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နယ်မြေအား ထိပါးတိုက်ခိုက်လာမှုအား ခုခံကာကွယ်တားဆီးမှုကို မည်သည့်နိုင်ငံမဆိုမလွဲမသွေ ပြုလုပ်ကြရမည်သာဖြစ်သည်။ ထိုသို့ ပြုလုပ်ရာတွင် နှစ်ဖက်သေဆုံးမှု အနည်းနှင့် အများရှိမည်ဖြစ်သည်။ ဖော်ပြပါသတင်းမှာ အကြမ်းဖက်သမားအချို့ သေဆုံးခြင်းသာဖြစ်နိုင်ပြီး အပြစ်မဲ့ပြည်သူများသေဆုံးခြင်း မဖြစ်တန် ချေ။ ယင်းကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ဖျောက်ဖျက်ရန် စီစဉ်ထားကြောင်း စွပ်စွဲပြောဆိုခြင်းမှာ သင့် မသင့် ကိုယ်တိုင်ဆုံးဖြတ်ကြည့်ဖို့သာ ဖြစ်ပါကြောင်း။