အလှမယ် ဟန်သီအား Honor Product Hero အဖြစ် တရားဝင်ခန့်အပ်

၂၅  အောက်တိုဘာ 

 

 မယ်ကမ္ဘာ ၂၀၁၈ (Miss World 2018) တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုရန် ရွေးချယ်ခံရသော ဟန်သီအား  Honor Device အတွက် Honor Product Hero အဖြစ် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

Honor သည် ခိုင်ခံ့ပြီး နောက်ဆုံးပေါ်နည်းပညာသုံး စမတ်ဖုန်းများကို ၎င်းတွင်ပါဝင်သည့် စွမ်းဆောင် ရည်များအား လျှော့ချခြင်းမရှိဘဲ သက်သာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်ပေးမှုကြောင့် နိုင်ငံတကာတွင် လူသိများသည့် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်ကြောင်းသိရသည်။

 

  အလှမယ်ဟန်သီ အပါဝင်ယှဉ်ပြိုင်သူ အလှမယ် ၁၁၆ ဦးအထိ အတည်ပြုပြီးဖြစ်သော မယ်ကမ္ဘာ ၂၀၁၈ (Miss World 2018) အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံ ၁၂၀ အတွင်း၌ ဟန်သီအနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ၆၈ ကြိမ်မြောက် ကမ္ဘာအလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှု ခရီးစဉ်တစ်လျောက်၌ Honor မှ ၎င်းအား ထောက်ပံ့ပေးရန် အခွင့်အလမ်းရရှိခဲ့သဖြင့် အလွန်စိတ်လှုပ်ရှား၊ စိတ်အားထက်သန်လျက် ရှိပါသည်။ ယခုနှစ်အတွင်း အလှမယ်ပြိုင်ပွဲကို တရုတ်နိုင်ငံ Sanya မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့၌ ကျင်းပသွားမည် ဖြစ်ပါသည်။

 

ကိုလင်း