အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို အမျိုးသားလူမှုရေးပင်စင်ငွေ  အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

မုံးကိုး ၁၀ ဇန်နဝါရီ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၃)ဦးကို ဇန်နဝါရီ ၁၀ ရက်က နိုင်ငံတော်က ချီးမြှင့်သည့် အမျိုးသားလူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ာိည

 

နိုင်ငံတော်က ချီးမြှင့်သည့် အမျိုးသားလူမှုရေးပင်စင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနခွဲစာရေး ဦးနိုင်ထွန်းမောင်နှင့် တာဝန်ရှိသူများက ဘိုးဘွားများ၏ နေအိမ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေတစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် အိမ်တိုင်ရာရောက် သက်ကြီးဘိုးဘွားများကို ထောက်ပံ့ပေးလျက်ရှိကြောင်း မုံးကိုးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

ာိည