အသက်ရှူထုတ်လိုက်သည့် လေမှတစ်ဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်စစ်ဆေးသည့် နည်းကို ဂျပန်တီထွင်

တိုကျို ၁၉ အောက်တိုဘာ

 

 

အသက်ရှူထုတ်လိုက်သည့် လေထဲမှ ကိုဗစ်-၁၉ စစ်ဆေးသည့်နည်းစနစ် တစ်ခုကို ဂျပန်တက္ကသိုလ်တစ်ခုနှင့် ကုမ္ပဏီတစ်ခုက  တီထွင်လိုက်ပြီဖြစ် ကြောင်း သိရသည်။

 

 

ထိုသို့စစ်ဆေးသည့် နည်းစနစ်တစ်ခု၏ ကနဦးပုံစံကို တိုဟိုကူတက္ကသိုလ်နှင့်  အနုစိတ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ရှီမက်ဇူက တီထွင်ခဲ့သည်။ အဆိုပါနည်းစနစ်တွင် အပိုင်းသုံးပိုင်းပါဝင်ပြီး ပထမတစ်ပိုင်းတွင် အသက်ရှူထုတ်သည့်လေကို ငါးမိနစ်ခန့်စုပ်ယူခြင်းဖြစ်သည်။ ဒုတိယတစ်ပိုင်းမှာ  ရှူထုတ်လိုက်သည့် လေတွင်ပါလာသည့် မည်သည့်ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားကိုမဆို သေသွားအောင်ပြုလုပ်ကာ   ဗိုင်းရပ်စ်တွင်ပါသည့် ပရိုတိန်းဓာတ်ကို ထုတ်ယူမည်ဖြစ်ပြီး တတိယတစ်ပိုင်းမှာ ယင်းပရိုတိန်းဓာတ် ကို ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါနည်းဖြင့် စစ်ဆေးချက်အဖြေကို အချိန်တစ်နာရီအတွင်း ရရှိနိုင်ကြောင်း  တီထွင်သူများက ပြောသည်။  ၎င်းတို့သည် လူနာ ၁၀ ဦးခန့် ပါဝင်သည့် လက်တွေ့စမ်းသပ်မှုကို ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး  နောက်ထပ်လူနာ များဖြင့် လက်တွေ့စမ်းသပ်မှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

 

အဆိုပါနည်းကို တီထွင်သူများက စစ်ဆေးကိရိယာ၏ အရွယ်အစား ပိုမိုသေးငယ်အောင် ဆက်လက်လုပ်ဆောင်ကာ  လက်တွေ့အသုံးချသွား မည်ဖြစ်ကြောင်း တီထွင်ထုတ်လုပ်သူများက ပြောသည်။

 

 

အင်န်အိတ်ခ်ျကေ