ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော် ၇ ဇွန်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့မှ ကြီးကြပ်သူဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ၊ ရတနာပုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ၊ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၄၈၂) ဦးတက်ရောက်လေ့လာခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၃၈၁၀၁)ဦးရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက်ကြိုတင် ပေးပို့နိုင်ပါကြောင်း သိရသည်။

 

(သတင်းစဉ်)