ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့ (WFD) မှ အကြီးတန်းအကြံပေးပညာရှင်အား တွေ့ဆုံ

နေပြည်တော်  ၇  ဇွန်

 

ပြည်သူ့လွှတ်တော်၊ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင် (ခ) ဦးချိန်ဝင်း တို့သည် WESTMINSTER FOUNDATION FOR DEMOCRACY (WFD) မှ ကျား၊မ ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအကြီးတန်းအကြံပေးပညာရှင် Ms. Shanon O’ Connell အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်နှင့် နိုင်ငံသားများ၏ ထိတွေ့ဆောင်ရွက်မှုများ၊ လွှတ်တော်တွင် အမျိုးသမီများ၏ ခေါင်းဆောင်မှုများနှင့် ကျား၊ မရေးရာနှင့်စပ်လျဉ်း၍ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)