ဗြိတိသျှကိုလိုနီစနစ်နှင့် ယနေ့ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခများ

၁၁ စက်တင်ဘာ

နိဒါန်း

ယနေ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိသည့်အနက် ဗြိတိသျှကိုလိုနီစနစ်သို့ မကျရောက်ခဲ့သည့် နိုင်ငံပေါင်း ၂၂ နိုင်ငံ တစ်နည်းအားဖြင့် ဥရောပကိုလိုနီစနစ်သို့ မကျရောက်ခဲ့သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံသာ ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ကိုလိုနီစနစ်မှ လွတ်လပ်ရေး ရရှိခဲ့သည့် နိုင်ငံများတွင် ဗြိတိသျှကိုလိုနီစနစ်၏ အကျိုးဆက်များကို ယနေ့တိုင် ကြုံတွေ့နေရပါသည်။ (Copping, 2019 and Pariona, 2019)

 

2

 

အထူးသဖြင့် ဗြိတိသျှအစိုးရ၏ ကိုလိုနီများအပေါ် သွေးခွဲ အုပ်ချုပ်ခဲ့မှုများနှင့်  လွတ်လပ်ရေးမပေးမီ  နယ်မြေပိုင်းခြား သတ်မှတ်ခြင်းတို့ကြောင့်  ကိုလိုနီအဖြစ်မှ  လွတ်လပ်ခဲ့သည့် နိုင်ငံများတွင်    အယူအဆရေးရာ၊  နယ်မြေရေးရာ၊  ဘာသာရေးရာနှင့်    လူမျိုးရေးရာ   ပဋိပက္ခများဖြင့်    ပြည်တွင်းစစ် သို့မဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲများဖြင့် သံသရာလည် ခဲ့ကြရပါသည်။

ရည်ရွယ်ချက်

ဤဆောင်းပါး၏  အဓိကရည်ရွယ်ချက်မှာ  ယနေ့ကမ္ဘာ့နိုင်ငံရေး  ပဋိပက္ခများအပေါ်  ဗြိတိသျှကိုလိုနီစနစ်၏  အကျိုး သက်ရောက်မှုများကို လေ့လာဆန်းစစ်နိုင်ရန်နှင့် သင်ခန်းစာ  ရယူနိုင်ရန်တို့ဖြစ်ပါသည်။

ရှေးဦးစွာ ဗြိတိသျှကိုလိုနီစနစ်နှင့်ပတ်သက်သည့် အယူအဆများကို  တင်ပြသွားပါမည်။  ထို့နောက်  ကိုလိုနီစနစ်နှင့်  ယနေ့နိုင်ငံရေး ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် ပြဿနာများကို  နယ်စပ်ရေးရာနှင့်  လူမျိုးရေး/ဘာသာရေး  ကဏ္ဍနှစ်ရပ်ခွဲ၍  တင်ပြသွားပြီး  မြန်မာနိုင်ငံအတွက် သင်ခန်းစာယူဖွယ်    ကိစ္စရပ်များကို   ဖော်ထုတ်သွားမည်ဖြစ်ပါသည်။ နှောင်းလူများ   ဆက်လက်    လေ့လာဖော်ထုတ်သွားနိုင်ရန် ကိုလိုနီစနစ်နှင့်ပတ်သက်သည့်            အချက်အလက်များကို ရည်òန်းချက်များနှင့်တကွ ဖော်ပြထားပါသည်။

ကိုလိုနီစနစ်

ကိုလိုနီစနစ် ဆိုသည်မှာ    နိုင်ငံတစ်နိုင်ငံက    အခြားနိုင်ငံတစ်နိုင်ငံအပေါ်        နိုင်ငံရေးအရ        တစ်စိတ်တစ်ပိုင်း သို့မဟုတ်   လုံးဝထိန်းချုပ်ခြင်းနှင့်    ယင်းနိုင်ငံတွင်  ၄င်း၏ အခြေချနေထိုင်သူများဖြင့် သိမ်းပိုက်ခြင်း သို့မဟုတ် စီးပွားရေး ခေါင်းပုံဖြတ်ခြင်း (The policy or practice of acqui-ring full or partial political control over another country, occupying it with settlers, and exploi-ting it economically.)  တို့ ဖြစ်သည်ဟု  Oxford အင်္ဂလိပ်အဘိဓာန်တွင် ဖော်ပြထားပါသည်။ ("coloniali-sm / Definition of colonialism in English by Lexico Dictionaries", 2019)

ကိုလိုနီစနစ်သည် ဘီစီ ၁၅၅၀ ပြည့်နှစ် မြေထဲပင်လယ်ဒေသရှိ Phoenicians ဂရိ  လှူအဖွဲ့အစည်းလက်ထက် ကတည်းပင် ကျင့်သုံးခဲ့ပြီး  ဂရိ၊  ပါရှန်နှင့်  ရောမခေတ်များတွင် မြေထဲပင်လယ်ဒေသတွင်သာမက  မြောက်အာဖရိကနှင့် ဥရောပတိုက်မှသည်   အနောက်အာရှအထိတိုင်   ကျယ်ပြန့် ခဲ့ပါသည်။ (Mark & Mark, 2019)

ယနေ့လူသိများသည့်   ကိုလိုနီစနစ်မှာ  ဥရောပကိုလိုနီ စနစ်ကို အဓိကဆိုလိုခြင်း ဖြစ်ပါသည်။ ၁၅-ရာစု မှ ၂၀-ရာစု နှောင်းပိုင်းအထိ  ဥရောပနိုင်ငံများဖြစ်သည့်  ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဒိန်းမတ်၊ ဒတ်ချ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဂျာမနီ၊ အီတလီနှင့် ဆွီဒင်နိုင်ငံများအပါအဝင် အော်တိုမန်အင်ပါယာ တို့သည်  အာရှတိုက်၊  အမေရိကတိုက်၊  အာဖရိကတိုက်တို့မှ နယ်မြေအများအပြားကို   ကိုလိုနီများအဖြစ်   သိမ်းပိုက်ခဲ့ပါသည်။ ယင်းသို့ ကိုလိုနီနယ်မြေများကို အသီးသီး သိမ်းပိုက် ခဲ့ကြရာတွင်  ဥရောပနိုင်ငံများသာမက  အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့လည်း ပါဝင်ခဲ့ကြပါသည်။

သမိုင်းပညာရှင်များ၏ အဆိုအရ ၁၅-ရာစုမှ စတင်ခဲ့သည့် ဥရောပကိုလိုနီစနစ်၏ အဓိကရည်ရွယ်ချက်မှာ 3G ဖြစ်သညွ့်သိူယ Gold, God and Glory အတွက်ဖြစ်ပြီး ၄င်းတို့ သိမ်းပိုက်ခဲ့သည့်     ကိုလိုနီများတွင်   စီးပွားရေး    ဂုတ်သွေးစုပ်ခြင်း၊ ခရစ်ယာန်ဘာသာကို ပြန့်ပွားစေခြင်းနှင့် ၄င်းတို့၏ အာဏာဂုဏ်သိက္ခာတည်ဆောက်ရန် ရည်သန်ခဲ့ကြသည်။ (Varda-man, 1964)

ဥရောပကိုလိုနီစနစ်ကို တည်ဆောက်ခဲ့ရာတွင် ဒေသခံဌာနေ တိုင်းရင်းသားများအား ကုန်သွယ်ခြင်း၊ အသုံးအဆောင် ပစ္စည်းများဖြင့် စည်းရုံးခြင်း၊ သာသနာပြုခြင်း၊ ပြိုင်ဘက်အုပ်စု များအကြား     ဘက်လိုက်ခြင်း၊    သွေးခွဲခြင်း၊    ဩဇာခံနိုင်ငံ/ဒေသများအဖြစ် သိမ်းသွင်းခြင်း စသည့် အနုနည်းများ အပြင်    လက်နက်အသုံးပြု၍  တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့်  လူမျိုးစုများကို သုတ်သင်ခြင်းစသည့် အကြမ်းနည်းများဖြင့်လည်း နယ်မြေများချဲ့ထွင်ခဲ့ကြသည်။  တစ်ဖန်  ကိုလိုနီနယ်မြေများကို အုပ်ချုပ်ရာတွင်လည်း   တိုက်ရိုက်အုပ်ချုပ်ခြင်းနှင့်   သွယ်ဝိုက် အုပ်ချုပ်ခြင်းတို့အပြင် သွေးခွဲအုပ်ချုပ်ခြင်းဖြင့် ထိန်းချုပ်ခဲ့ခြင်းမှာ ကိုလိုနီစနစ်၏ သရုပ်သကန်များဖြစ်ပါသည်။

ဥရောပကိုလိုနီစနစ်အား ထောက်ခံသည့် သမိုင်းပညာရှင်များက   ယင်းစနစ်ကြောင့်   ကိုလိုနီများတွင်  3C   ဖြစ်သည့် Commerce, Christianity and Civilization ထွန်းကားစေခဲ့ကြောင်း ထောက်ပြကြပါသည်။ ဥရောပနယ်ချဲ့တို့၏ ကျူးကျော်မှုကို ခံခဲ့ရသည့် ကိုလိုနီဒေသခံများ အတွက်မူ 3M ဖြစ်သည့် Merchant, Missionary and Military  ၄င်းတို့၏နယ်မြေများကို  ရယူခဲ့ကြောင်း  သမိုင်းပညာရှင်များက ထောက်ပြခဲ့ကြသည်။ လက်တွေ့တွင် ကိုလိုနီနယ်ချဲ့များ၏ သွေးခွဲအုပ်ချုပ်ခဲ့ခြင်း၊  လွတ်လပ်ရေးမရမီ  နယ်မြေပိုင်းခြား သတ်မှတ်ခဲ့ခြင်းနှင့်  ဌာနေတိုင်းရင်းသားများ  လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာတွင် အယူအဆရေးရာ အမှီရှာခဲ့ရသည့်  အတွက်တို့ကြောင့် ကိုလိုနီဆိုးမွေများအဖြစ် ယင်း 3C အစား Corruption, Conflict and Communism တို့ကို ထွန်းကားစေခဲ့ပြီး ယနေ့ထိတိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပါသည်။ (Livingston,1868 and Schoppa, 2001)
ဗြိတိသျှကိုလိုနီစနစ်

ဥရောပကိုလိုနီချဲ့ထွင်ခြင်းသမိုင်းတွင် ယေဘုယျအားဖြင့်  ၁၅-၁၇  ရာစုအတွင်း  စပိန်နှင့်    ပေါ်တူဂီတို့    ကြီးစိုးခဲ့သည့် ပထမခေတ် နှင့်  ၁၈-၂၀  ရာစုအတွင်း  ဗြိတိန်နှင့်  ပြင်သစ်တို့ ကြီးစိုးခဲ့သည့် ဒုတိယခေတ်ဟူ၍ ခေတ် (၂) ခေတ်သတ်မှတ်ထားပါသည်။ စပိန်နှင့် ပေါ်တူဂီတို့သည် ဥရောပကိုလိုနီသမိုင်းတွင်      လက်ဦးမှုရခဲ့ကြသော်လည်း    ၄င်းတို့၏    ပို့ကုန်များကို အပြည့်အဝ  မရောင်းချနိုင်ခြင်းနှင့်  စက်မှုထွန်းကားမှုတွင် အထူးသဖြင့် ဗြိတိသျှတို့ကို မယှဉ်နိုင်ခဲ့ခြင်းတို့ကြောင့် ၄င်းတို့၏ အခန်းကဏ္ဍ  မှေးမှိန်ခဲ့ပါသည်။ (Webster, Nowell & Magdoff, 2019)

ဗြိတိသျှကိုလိုနီနယ်မြေများအား အမေရိကန်၊ ဩစတြေးလျ တို့ကဲ့သို့ အခြေချနေထိုင်ရန်နှင့် အိန္ဒိယ/မြန်မာတို့ကဲ့သို့သော စီးပွားရေးအတွက်  ခေါင်းပုံဖြတ်ရန်  ရည်ရွယ်သည့်  အခြေချ အမျိုးအစား  (၂)  မျိုးကို    တွေ့ရပါသည်။  တစ်ဖန်  ဗြိတိသျှတို့ အနေဖြင့် ၄င်းတို့၏ ကိုလိုနီနယ်မြေများကို အုပ်ချုပ်ရာတွင် (က) ဘုရင်၏နယ်မြေအဖြစ်  သွတ်သွင်းအုပ်ချုပ်ခြင်း၊  (ခ)  အရှေ့ အိန္ဒိယကုမ္ပဏီကဲ့သို့သော အဖွဲ့အစည်းတစ်ခုခုက အုပ်ချုပ်ခြင်းနှင့် (ဂ) ဩဇာခံနယ်မြေ အဖြစ်သတ်မှတ်ပြီး သွယ်ဝိုက်အုပ်ချုပ် စေခြင်းတို့ဖြင့်  ဆောင်ရွက်ခဲ့ပါသည်။ 

ကိုလိုနီအမျိုးအစားနှင့် အုပ်ချုပ်မှုပုံစံများသည်  ကိုလိုနီနယ်မြေအဖြစ်မှ  လွတ်မြောက်ခဲ့သည့် နိုင်ငံများ၏ နိုင်ငံရေးသမိုင်းပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ (Mick, 2014)
ဗြိတိသျှနှင့်    ပြင်သစ်ကိုလိုနီစနစ်တို့၏    ကွာခြားချက်မှာ ဗြိတိသျှကိုလိုနီများတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ပို့ဆောင်ရေးနှင့်    မြို့ ပြလူနေမှုစနစ်များကို   ခိုင်ခိုင်ခန့်ခန့်   ထူထောင်ခဲ့သော်လည်း ပြင်သစ်တို့မှာမူ စီးပွားရေးအရ ခေါင်းပုံဖြတ်ရန်သာ ဆန္ဒရှိခဲ့ပြီး နယ်မြေများကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးခဲ့ခြင်း မရှိဟု  သမိုင်းပညာရှင်အချို့က ဝေဖန်ခဲ့ကြပါသည်။  သို့သော်လည်း တစ်ဖက်တွင်မူ ပြင်သစ်တို့သည် ၄င်းတို့၏ ဘာသာစကား နှင့်   ယဉ်ကျေးမှုကို   ပြန့်ပွားစေရန်  အထူးအလေးထားခဲ့ပြီး ကိုလိုနီနယ်မြေများရှိ ဒေသခံများအား ၄င်းတို့၏ နိုင်ငံသားများသဖွယ်  ဆက်ဆံကာ  ပြင်သစ်နိုင်ငံသားဖြစ်ရန်  အခွင့်အလမ်း များစွာ ပေးအပ်ခဲ့ပါသည်။ (Lee & Schultz, 2012)

ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက်   ဂျာမနီတို့   ဥရောပ တစ်တိုက်လုံးနီးပါးအား သိမ်းပိုက်ထားချိန် ၁၄-၈-၄၁ ရက်နေ့တွင်  ဗြိတိသျှဝန်ကြီးချုပ်  ဝင်စတန်ချာချီသည်  အမေရိကန်ပြည်ထောင်စုအား  စစ်ပွဲတွင်ပါဝင်ရန်  စည်းရုံးသည့်အနေဖြင့် အမေရိကန်သမ္မတရုစဗဲ့နှင့် နယူးဖောင်လန်အနီး အတ္တလန်တိတ် သမုဒ္ဒရာတစ်နေရာတွင် တွေ့ဆုံခဲ့ပြီး AtlanticCharter ကို ရေးဆွဲခဲ့ပါသည်။  အဆိုပါ  ကြေညာချက်အရ  စစ်ပွဲများပြီးဆုံး ပြီးနောက် ကိုလိုနီများကို လွတ်လပ်ရေးပေးရန် ရည်ရွယ်သည့် ကြေညာချက်တစ်ရပ်ကို ထည့်သွင်းရေးဆွဲခဲ့ပါသည်။ 
(Hailey, Roosevelt & Churchill, 1943)

ယင်းကြေညာချက်ကြောင့် လည်းကောင်း၊        ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း ဗြိတိန်နိုင်ငံအနေဖြင့် စစ်ပန်း နေပြီဖြစ်သည့်အတွက်        ကိုလိုနီများ၏   အနုနည်း/အကြမ်းနည်း            များဖြင့် လွတ်လပ်ရေး   တောင်းဆိုလာမှုများကို မလွန်ဆန်နိုင်တော့သည့်အတွက်ကြောင့် လည်းကောင်း၊ ကိုလိုနီများကို  လွတ်လပ် ရေးပေးသွားမည်ဆိုသည့်    လေဘာပါတီ   အာဏာရလာသည့်     အတွက်ကြောင့် လည်းကောင်း        မြန်မာနိုင်ငံအပါအဝင် ကိုလိုနီနယ်မြေအများအပြား  လွတ်လပ်ရေး ရရှိခဲ့ကြပါသည်။ (UK National Archive, 2019)

၁၉၆၀    ပြည့်နှစ်တွင်    ကုလသမဂ္ဂ အထွေထွေညီလာခံက  ကိုလိုနီနယ်မြေများ  ဖျက်သိမ်း၍  လွတ်လပ်ရေးပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။  ယနေ့အချိန်တွင်        ဗြိတိန်နိုင်ငံ၏        ကိုလိုနီ သို့မဟုတ် ပင်လယ်ရပ်ခြားနယ်မြေ (၁၄) ခု ကျန်ရှိနေသေးပြီး အများစုမှာ ပစိဖိတ်ကျွန်းစုနိုင်ငံများဖြစ် ပါသည်။ သုတေသန အတွက်သာ ရည်ရွယ်သည့်   အာန္တာတိကတိုက်ရှိ  ဗြိတိသျှနယ်မြေမပါ ဗြိတိသျှပင်လယ်ရပ်ခြားနယ်မြေများအနက်   အကြီးဆုံးသောနယ်မြေမှာ  ဖော့ကလန်ကျွန်း (၁၂၁၇၃ စတုရန်းကီလိုမီတာ)    ဖြစ်ပြီး      အသေးဆုံးမှာ  ဂျီဘရော်လ်တာကျွန်းဆွယ် (၆ ဒသမ ၅ စတုရန်း ကီလိုမီတာ) ဖြစ်ပါသည်။

ဗြိတိသျှတို့အနေဖြင့်      ၄င်း၏ကိုလိုနီနယ်မြေများကို လွတ်လပ်ရေးပေးအပ်ခဲ့ရာတွင် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခြင်းနှင့် ကိုလိုနီဆိုးမွေတစ်ရပ်ဖြစ်သည့် သွေးခွဲအုပ်ချုပ်ခဲ့ခြင်း တို့၏   ရလဒ်များအဖြစ်  နိုင်ငံရေးပဋိပက္ခများ  ဖြစ်ပွားခဲ့ရာ ယနေ့ထိတိုင်    ကမ္ဘာ့နိုင်ငံရေး   ပြဿနာအဖြစ်   ကြုံတွေ့နေ ရပါသည်။

နယ်စပ်ပဋိပက္ခများဂျီဘရော်လ်တာကျွန်းဆွယ်

ဂျီဘရော်လ်တာသည်    ဗြိတိသျှတို့၏  ပင်လယ်ရပ်ခြား နယ်မြေတစ်ခုဖြစ်ပြီး စပိန်နိုင်ငံ၏ တောင်ဘက် မြေထဲပင်လယ်သို့   ထိုးထွက်နေသော  ထုံးကျောက်တောင်  တစ်ခုဖြစ်သည်။ ထုံးကျောက်တောင်၏ အမြင့်သည် ပင်လယ်ရေပြင် အထက် ၄၂၆ မီတာ မြင့်ပြီး ဧရိယာ စုစုပေါင်း ၆ စတုရန်းကီလိုမီတာ ခန့်ရှိသည်။ ဂျီဘရော်လ်တာသည် ဗြိတိသျှတို့၏ ရေတပ်နှင့် လေတပ်တို့ အခြေစိုက်ရာစခန်းတစ်ခုဖြစ်ပြီး၊ မြေထဲပင်လယ်၏ ထွက်ပေါက်ဖြစ်သည့် ဂျီဘရော်လ်တာ ရေလက်ကြားကို  စိုးမိုးထားပါသည်။  ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း  ၁၈၆၉ ခုနှစ်တွင် ဆူးအက်စ်တူးမြောင်း   ဖွင့်လှစ်ပြီးနောက်   ဂျီဘရော်လ်တာ ဆိပ်ကမ်း၏ အခန်းကဏ္ဍမှာ  အရေးကြီးသော   အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။

၁၇၀၄  ခုနှစ်တွင်  ဗြိတိသျှတို့သည်  စပိန်ထံမှ  သိမ်းယူခဲ့ပြီး ခံတပ်အဖြစ် အသုံးပြုခဲ့သည်။ ၁၈-ရာစုနှစ်ကတည်းက ဂျီဘရော်လ်တာသည် ဗြိတိသျှရေတပ်၏ အရေးကြီးဆုံးသော ရေတပ်စခန်းတစ်ခုဖြစ်ခဲ့ပြီး  “The Rock” ဟု  တင်စား ခေါ်ဝေါ်ခဲ့သည်။  ဂျီဘရော်လ်တာသည် ဗြိတိသျှတို့၏ ပင်လယ် ရပ်ခြားနယ်မြေတစ်ခုဖြစ်ပြီး ၁၉၆၉ ခုနှစ်မှစ၍ အခြေခံဥပဒေဖြင့် ကိုယ်ပိုင်အစိုးရဖွဲ့စည်းနိုင်သော်လည်း ကာကွယ်ရေးကို  ဖွဲ့စည်းခွင့်မရှိပါ။   အစိုးရကို  လေးနှစ် သက်တမ်းသတ်မှတ်ထားသည်။ ဘုရင်ခံစနစ်ကျင့်သုံးပြီး ၂၀ဝ၆ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကို ထပ်မံပြဋ္ဌာန်းခဲ့ပါသည်။

ဂျီဘရော်လ်တာကို  ပြန်လည်ရရှိနိုင်ရန်  စပိန်နိုင်ငံနှင့် ဂျီဘရော်လ်တာ  ဒေသခံတို့  အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း  အောင်မြင်မှု  မရရှိခဲ့ပါ။  ဂျီဘရော်လ်တာအား  အခွန်လွတ် နယ်မြေအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဒေသခံများအတွက်  အခွင့်ထူးများ ခံစားနေရခြင်းမှာ ဂျီဘရော်လ်တာ လွတ်လပ် ရေး မအောင်မြင်ရခြင်း အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။        ဗြိတိန်နိုင်ငံအနေဖြင့်လည်း        ပထဝီနိုင်ငံရေးနှင့် စစ်ရေးအရ    အရေးပါသော    နေရာဖြစ်နေသည့်အတွက်  ဂျီဘရော်လ်တာအား လွတ်လပ်ရေး သို့မဟုတ် စပိန်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် ဆန္ဒမရှိပါ။

စာဆိုတမန်