ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ရေးနှိုးဆော်ချက်

၂၄ အောက်တိုဘာ

 

ဆီးချို၊ သွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း၍ သွေးအတွင်း အချိုဓာတ်များနေသော ရောဂါတစ်ခုဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါသည် လူတိုင်းတွင်ဖြစ်နိုင်ပါသည်။

 

ဆီးချိုသွေးချိုရောဂါကြိုတင်ကာကွယ်ပါ

 

(၁) အစားလျှော့စားပါ။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ။

 

(၂) ရေများများသောက်ပါ။ ရေဆာလျှင် ရေကိုသာသောက်ပါ။

 

(၃) အဝမလွန်အောင် ထိန်းသိမ်းပါ။

 

(၄) လှုပ်ရှားမှုများသော လူနေမှုပုံစံဖြင့် နေထိုင်ပါ။

 

(၅) နားနေချိန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

 

(၆) အမျှင်ဓာတ်များသော အစားအစာများများစားပါ။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများနှင့် စုံအောင်စားပါ။

 

(၇) တိရစ္ဆာန်မှရသော အဆီများ (ဥပမာ-ကြက်အရေပြား၊ ဝက်အရေပြား၊ ကလီစာ၊ ဝက်ဆီ၊ ဘဲဆီ) တို့ကို ရှောင်ကြဉ်ပါ။ ငါးမှရသောအဆီများ စားသုံးနိုင်ပါသည်။

 

(၈) စိတ်ဖိစီးမှုများကို လျှော့ချနိုင်သမျှ လျော့အောင်ကြိုးစား နေထိုင်ပါ။

 

ဆီးချို၊ သွေးချိုရောဂါဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများ တွင် သွားရောက်စစ်ဆေးကာ ကုသမှုခံယူနိုင်ပါသည်။

 

တစ်နေ့လျှင် မိနစ်(၃၀)ခန့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို (၄၀)% လျော့နည်း စေနိုင်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန