စိန်ထည်နှင့် ရွှေထည်အင်္ကျီ ဒီဇိုင်းများ ဖန်တီးသူ ဒီဇိုင်နာ ပိုင်ပိုင်နှင့် တွေ့ဆုံခြင်း

မန္တလေး ၇ ဇန်နဝါရီ


၂၀၁၉ ခုနှစ် နှစ်အစမှာ ကျပ်သိန်းပေါင်း သုံးထောင်ကျော်တန်ဖိုးရှိသည့် ရွှေထည်အင်္ကျီ၊ ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိသည့် စိန်ထည်အင်္ကျီတွေကို ဖန်တီးတဲ့ မန္တလေးမြို့က ဒီဇိုင်နာ ပိုင်ပိုင်နှင့် Myanmar Digital News က တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည့် အထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

666666666666


မေး။    ။ ရွှေထည်အင်္ကျီ ဖန်တီးဖြစ်ပုံလေး ရှင်းပြပေးပါ။


ဖြေ။    ။ ရွှေထည်ဝတ်စုံလေးက ထိပ်တန်းဘုရင်စိန်ရွှေရတနာဆိုင်မှာ ချစ်ရတဲ့ မထက် (ထက်ထက်မိုးဦး) အတွက် ဖန်တီးပေးဖြစ်ပါတယ်။ 

 

gold


မေး။    ။ ရွှေထည်အင်္ကျီအတွက် အချိန်ဘယ်လောက်ပေးရလဲ။


ဖြေ။    ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ(၁)ရက်မှာ ဖန်တီးပေးဖြစ်ပါတယ်။ အချိန် နှစ်ရက်လောက်ပေးရတယ်။ ဖန်တီးပေးရတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ တန်ဖိုးကလည်းကြီးတယ်။ 


မေး။    ။ရွှေချိန်ဘယ်လောက်ရှိမလဲ။


ဖြေ။  ။ ရွှေချိန် သုံးပိသာလောက်ရှိပါတယ်။ ကာလပေါက်ဈေးနဲ့တော့ မတွက်ဖြစ်လိုက်ဘူး။ တစ်ကျပ်သားကုံးတွေ ပါတာဆိုတော့။(၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၅ ရက်  ရွှေဈေး တစ်ကျပ်သား ၁၀၅၀၀၀၀ ကျပ်) 


မေး။    ။ ဘယ်လိုပုံစံ ဒီဇိုင်းဖန်တီးဖြစ်ခဲ့တာလဲ။


ဖြေ။    ။ ရွှေဆွဲကြိုးကုံးက တစ်စုံ ၊ စိန်ဝတ်စုံက တစ်စုံ ၊ စုစုပေါင်း နှစ်စုံဖန်တီးပေးဖြစ်ခဲ့ပါတယ်။ ဒီဇိုင်းကတော့ ပြင်သစ်ဇာပေါ်မှာ ရိုးရိုးရှင်းရှင်းလေး ထွင်ပေးဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရွှေနှစ်သက်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ တချို့ကတော့ ရွှေကို ဒီလိုချုပ်ဝတ်လို့ရမှန်း မသိကြဘူး။ တစ်ကျပ်သားကုံးကိုအများကြီးပဲ။ အဲဒါကို စုချည်ပြီး ရေတံခွန်ပုံစံလေးကျတယ်။ ပြီးရင် ဒေါင်းဘယက်ပေါ်ကို တစ်ချက်ပြန်ပြီး လုပ်တယ်။ စိန်ကကျတော့ အင်္ကျီပေါ်မှာ ဘယက်ပုံစံဖန်တီးပေး ဖြစ်ပါတယ်။ ဘယက်ကျတော့ စိန်လော့ကတ်သီးတွေကို ဆင်ကြည့်ပြီးမှ ဒီဇိုင်းဆွဲလိုက်တယ်။ ပြီးမှ စိန်တွေကို တင်လိုက်တယ်။ 


မေး။    ။ စိန်က တန်ဖိုးဘယ်လောက်ရှိမလဲ။


ဖြေ။    ။ စိန်အသန့်ထဲက လော့ကတ်သီးတွေများတယ်။  ဆွဲသီးတွေကို ဘယက်ပုံစံပြန်ဖော်တယ်။ ဘယက်ပုံစံပြန်ဖော်ပြီးမှ လော့ကတ်သီးသုံးလေးလုံးလောက်ကို အောက်ကိုပြန်ချတယ်။ စိန်ဆွဲသီးတစ်ခုကို သိန်း ၂၀၀ ၊ ၃၀၀ တန်လောက်ရှိတယ်။ စိန်ဆွဲသီး အခုသုံးဆယ်ကျော်လောက် ပါမယ်။


မေး။    ။တန်ဖိုးကြီးတော့ တာဝန်လည်းကြီးမှာပေါ့နော်။ 


ဖြေ။    ။ တန်ဖိုးကြီးတာတွေဆိုတော့ ဆိုင်မှာတော့ ယူပြီး လုပ်လို့ အဆင်မပြေဘူး။ မယူတော့ဘူးဆိုပြီး ၊ သူတို့ဆိုင်မှာပဲ တပည့်တွေခေါ်ပြီး သေသေချာချာလုပ်ပေးဖြစ်ပါတယ်။


မေး။    ။ ပွဲနေ၊ ပွဲထိုင်တွေမှာ ရွှေဝတ်စုံ ဝတ်ချင်တဲ့ သူတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။


ဖြေ။    ။အကြံပြုချင်တာက သေသေချာချာလည်း သုံးတတ်မှရမယ်။ ရွေးချယ်တဲ့အပေါ်မှာလည်း မူတည်တယ်။ ဇာရွေးပြီး စိန်တပ်လို့မရဘူး၊ အောက်က ဖောင်ဒေးရှင်းကို သပ်သပ်ရပ်ရပ် သေသေချာချာလုပ်ပြီးမှ ရတနာပစ္စည်းကို တင်တာကောင်းတယ်လို့အကြံပြုချင်ပါတယ်။


မေး။    ။ လက်တလောမှာ ဘယ်လိုဒီဇိုင်းတွေ ခေတ်စားနေလဲ။


ဖြေ။    ။ ခုခေတ်စားတာက ပိုးနဲ့ဇာကို ပိုခေတ်စားလာတယ်။ ၂၀၁၉ ထဲမှာ တချို့ကျတော့ ချိတ်တွေက အရမ်းရိုးနေကြပြီ။ ပိုးနဲ့ဇာလေးကို ရီးမစ်ပြန်လုပ်တယ်။ ဒရစ်ပင်လေးတွေနဲ့သွားတယ်။ အဖက် ၊ အလက်တွေနဲ့သွားတယ်။ အရင်က ဇာတစ်ကိုက် တစ်တောင်လောက်က သုံးရတာခက်တယ်။ ဇာတွေ တစ်တောင်လောက်နဲ့ သုံးလို့ရတာရှိတယ်။ တစ်ကိုက်လောက်နဲ့သုံးလို့ရတာရှိတယ်။ ဝမ်းဆက်ပေါ့ ပြန်လုပ်ထားတာ။ 


မေး။    ။ အရောင်ပိုင်းမှာရော ဘယ်လိုအရောင်တွေပိုပြီးခေတ်စားလဲ။


ဖြေ။    ။ဒီနှစ်ကာလာက ရှန်ပိန်များတယ်။ ချယ်ရီ ၊ ဝိုင်ရောင်လေးတွေ ပိုများတယ်။ ဒီနှစ်ကာလာရဲ့ ဖက်ရှင်ပေါက်အရောင်က မိုးပြာစိမ်းလေးပါ။ မိုးပြာစိမ်းလေးကို ပိုပြီးအားသာတယ်။ ဒါပေမယ့် ရှန်ပိန်ရောင်ကို လူတွေက ပိုကြိုက်ကြတယ်။ လူကြီးကလည်း ရှန်ပိန်အရောင် ကြိုက်တယ်။ ကလေးလည်းကြိုက်တယ်။ ရှိန်ပိန်က ပိုပြီးခေတ်စားတယ်။ 


MDN။    ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  


အိမို့မို့ခိုင်