စိုက်ပျိုးရေးသွင်းအားစုများနှင့် အကျိုးတူလယ်ယာစိုက်ပျိုးရေးစနစ် မြှင့်တင်ရေးအလုပ်ရုံးဆွေးနွေးပွဲ ကျင်းပ

ပုသိမ်  ၁၀  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မာစီကောတို့ ပူးပေါင်းပြုလုပ်သော စိုက်ပျိုးရေး သွင်းအားစုများနှင့် အကျိုးတူလယ်ယာစိုက်ပျိုးရေးစနစ် မြှင့်တင်ရေးအလုပ်ရုံးဆွေးနွေးပွဲကို ပုသိမ်မြို့ စွမ်းဟိုတယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပသည်။

 

1

 

အဆိုပါအလုပ်ရုံးဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် စိုက်ပျိုးရေးမွေးမြူရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ဦးရန်လင်းမှ စိုက်ပျိုး၊မွေးမြူရေးကဏ္ဍနှင့်ကျေးလက်နေပြည်သူများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နေမှုများကိုရှင်းလင်တင်ပြပေးပြီး မာစီကော Country Director Mr.Leo Roozendaal မှအလုပ်ရုံးဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ဆွေးနွေးသွားမည်အကြောင်းအရာများကို ရှင်း လင်း တင်ပြသည်။

 

2

 

ယင်အလုပ်ရုံးဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေနည်းဥပဒေအကြောင်း ၊ လယ်ယာကဏ္ဍတွင် တောင်သူများတွေ့ကြုံနေရသော အခက်အခဲ ၊အကျိုးတူးလယ်ယာကဏ္ဍ စာချုပ်စာတမ်းဆိုင်းရာ၊ငွေကြေးဆိုင်ရာများ ၊ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ၊ အကျိုးတူးပူပေါင်းဆောင်ရွက်ခြင်းစသောခေါင်စဉ်များဖြင့်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးရရှိသောအချက်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

 

မင်းထွန်းဇော်