စကောကရင်စာပေသင်ကြားမှုများ အောင်မြင်တိုးပွားနိုင်ရန်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မင်းလှ  ၁၈ သြဂုတ် 

 

ပဲခူတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီနှင့် မင်းလှမြို့နယ် အတွင်းနေထိုင်သော ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမူကော်မတီများတို့က စကောကရင်စာ ပေသင်ကြားမူများ အောင်မြင်တိုးပွားနိုင်ရန်တွေ့ဆုံးညှိနိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက် နေ့လည် ၁ နာရီက မင်းလှမြို့နယ်ပညာရေးမှူးရုံး၌ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ စောသူရအောင်က ပညာရေး၊စီးပွားရေး၊ကျန်းမာရေးနှင့် ဥပဒေဆိုင်ရာများကို ပြောကြားပြီး၊ မြို့နယ် ပညာရေးမှူးဒေါ်ရီရီလွင်က မြို့နယ်အတွင်းရှိ စကောကရင်စာပေသင်ကြားနေမူ အခြေအနေများ နှင့်ကျောင်းအခြေအနေများကိုရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမူကော်မတီ ဥက္ကဋ္ဌ စောသောင်းကြီးက ကရင် စာပေသင်ကြားရာတွင် တွေ့ကြုံရသောအခက်အခဲများ၊ ငွေကြေးနှင့် စာပေများ ထောက်ပံ့ပေးနိုင်မှုအခြေအနေများ စသည်တို့ကိုဆွေးနွေးတင်ပြပြီး၊ တတ်ရောက်လာသော မြို့နယ်ကရင် တိုင်းရင်းသား စာပေယဉ်ကျေးမူကော်မတီဝင်များနှင့် ကရင်စာပေ သင်ကြားသော ဆရာ ၊ဆရာမများက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေးနှင့် လိုအပ်သည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်လင်းတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီအဖွဲ့များက မှတ်တမ်းတင်၍ ရှင်းလင်းဖြေကြားပြီး လိုအပ်ပါက လွှတ်တော်တွင်ထည့်သွင်းတင်ပြပေးမည်ဖြစ်ကြောင်းပြောကြားသည်။

 

မင်းလှမြို့နယ်လုံးတွင် စကောကရင်စာပေသင်ကြာသော အခြေခံပညာသင်ကျောင်း (၁၁) ကျောင်းရှိရာ ဆရာ ၊ဆရာမပေါင်း(၁၇)ဦးတို့ဖြင့် Grade One တွင် (၃၃၂)ဦး၊ Grade Two တွင် (၁၁၉)ဦး၊Grade Three တွင် (၈၀)ဦး၊  Grade Four တွင် (၃၀)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၅၆၁)ဦး သင်ကြားပေလျှက်ရှိကြောင်း၊ ထို့အပြင် ဖားလေးကွင်းမြောက်စု ရှမ်းတိုင်းရင်း သားစာပေသင် ကျောင်း(၁) ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ(၁၃)ဦးအား ဆရာမတစ်ဦး ကသင်ကြားပေးလျှက်ရှိကြောင်း သိရ သည်။

 

ပေါက်စ (မင်းလှ)