ဓာတ်ပုံဆရာတစ်ယောက်၏ ကာရိုက်တာနှင့် မြင်ရအုံးမည့် "ဒေါင်း"

၂၄ ဒီဇင်ဘာ 

 

မကြာမီရုံတင်ပြသတော့မည့် ‘လိပ်ပြာ စံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဓာတ်ပုံဆရာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါဇာတ်ကားရိုက်ကူးစဉ်က တွေ့ကြုံခဲ့ရသည့်၊ ရိုက်ကူးမှုအမှတ်တရ များအကြောင်း ယခုလို ပြောကြားလာသည်။

 

‘‘ရှေးခေတ်ဓာတ်ပုံပညာနဲ့  ပတ်သက်ပြီး ဘန်ကောက်မှာ အများကြီးလေ့လာခဲ့တယ်။ အဲဒီဓာတ်ပုံပညာကို ထိန်းသိမ်းထားတဲ့ပညာရှင်ဆီမှာ သွားလေ့လာခဲ့တယ်။ ကင်မရာဘယ်လိုကိုင်တယ်။ ဘယ်လိုရိုက်တယ်ကအစ အားလုံးကို အသေးစိတ်လေ့လာခဲ့တယ်။ သူ့ရဲစိတ်ခံစားချက်၊ သူ့ရဲ့တင်ပြမှုကဇာတ်ကားမှာ ဘယ်လောက်ထိ ပါဝင်နေလဲဆိုတာ အများကြီးလေ့လာခဲ့ရတယ်။ ဒီထဲကကာရိုက်တာက ဓာတ်ပုံဆရာတစ်ယောက်  ဓာတ်ပုံတစ်ပုံရဖို့စိတ်ရော၊ လူရော နှစ်ပြီးတော့လုပ်တတ်တဲ့ ပုံစံမျိုးလေးသရုပ်ဆောင်ထားတယ်။ ကောင်မလေးများသူ၏ဓာတ်ပုံများကို Facebook တွင် Share တာနှင့်ပတ်သတ်ပြီးတော့လည်း သရုပ်ဆောင်ဒေါင်းက ခုလိုပြောလာခဲ့သည်။

 

“အဲဒီကောင်မလေးတွေ အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သူတို့အားလုံးကို ကျွန်တော် အရမ်းချစ်ပါတယ်။ ပြီးတော့ ကျွန်တော်ကံကောင်းတယ်လို့လည်း ယူဆပါတယ်။ ကျွန်တော့်ကို ယုံကြည်စွာနဲ့ အားပေးတဲ့အတွက် အနုပညာနဲ့ပတ်သက်ပြီး အများကြီးကြိုးစားသွားပါမယ်” ဟု ပြောခဲ့ပါတယ်။ သရုပ်ဆောင် ဒေါင်းသည် ပုဂံမြို့သူ ဇာတ်လမ်းတွဲကြီးတွင်လည်း ထူးအောင် မေမြင့်မိုရ်တို့နှင့်အတူ ပါဝင် သရုပ်ဆောင်ထားပြီး ကောင်မလေးများ၏ အားပေးမှုနှင့် အနုပညာလောကတွင်လည်း လက်ရှိနေရာရနေသူ တစ်ဦးလည်း ဖြစ်သည်။

 

ကိုလင်း