ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက် မြောက်နေ့ ကျင်းပ

နေပြည်တော်  ၁၀  စက်တင်ဘာ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက် မြောက်နေ့ကို ယနေ့နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ    ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို  ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က လည်းကောင်း၊  မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို  ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးသိန်းလွင် က လည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။

 

ထို့နောက်  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်း များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု သည်။ 

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းပါ ပုဒ်မ-၁၀ ခြေဆင်းနှင့် ပုဒ်မ-၁၀(က) တို့ကို ပြင်ဆင်ချက် အဆိုတင်သွင်းရာ လွှတ်တော်က ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံပြင်ဆင်ချက် အတိုင်း  အဆိုအတည်ဖြစ်ကြောင်း ကြေညာသည်။ 

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးနှင့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင် တို့က ရှင်းလင်းဆွေးနွေးကြသည်။

 

ပဲခူးတိုင်းဒေသကြီး ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး က နိုင်ငံတော်သမ္မတထံမှ သဘော ထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ-၃၀(က)၊ ပုဒ်မခွဲ(ဂ)နှင့် စပ်လျဉ်း၍ ပုဒ်မခွဲ(ဂ) တွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအတွင်းမှ အများပြည်သူ တိုင်းရင်းသားများနှင့်ဆိုင် သည့် ကိစ္စရပ်များတွင် ဥပဒေအရ စီမံခန့်ခွဲခွင့်မရှိတော့ဘဲ ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ် သည့်အတွက် ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် ပြဿနာမျိုးစုံ ဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံတော်သမ္မတမှ မှတ်ချက်ပြု ပြန်ကြားလာခြင်းဖြစ်ပါကြောင်း၊ ဥပဒေ၏ အဓိပ္ပာယ်ဖွင့် ဆိုချက်တွင်လည်း လက်ရှိဆိုသည့် စကားရပ်ကို ဖွင့်ဆိုထားခြင်းမရှိသည့်အတွက် လိုအပ် သလို အသုံးပြုလာနိုင်သည်ကို တွေ့ရပါကြောင်း၊ လက်ရှိအသုံးပြုနေခြင်းဆိုသည့် စကား ရပ်မှာ ဥပဒေအရကြည့်လျှင် စည်းနှောင်မှုအား နည်းပါးလွန်းနေပါကြောင်း၊ လက်ရှိဆိုသည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိဘဲ သုံးနှုန်းထားသည့်အတွက် တိကျရှင်းလင်းမှု မရှိဘဲ အများပြည်သူနှင့်တိုင်းရင်းသားများအပေါ်တွင် အခက်အခဲများတွေ့လာနိုင်ပါ ကြောင်း၊ ထို့ကြောင့် ပုဒ်မခွဲ(ဂ)ကို ပယ်ဖျက်ခြင်းမပြုဘဲ အများပြည်သူနှင့်တိုင်းရင်းသား များဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) နေပြည်တော်ကောင်စီမှ သတ်မှတ်ခွင့်ပြုထားသည့် မြေများဟု အဆိုပြုပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

လွှတ်တော်ကိုယ်စားလှယ်များ၏ ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အတိုင်းထားရှိသင့်ကြောင်း ပြန်လည်ရှင်း လင်းဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း က  နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံပြင်ဆင်ရန် တင်ပြချက်ကို  ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးပါရန် ရှင်းလင်း တင်ပြသည်။ 

 

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က   ပုဒ်မ-၃၀(က)၊ ပုဒ်မခွဲ(ဂ) နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မ၏ သဘောထားမှတ်ချက်နှင့်အညီ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်သင့်ကြောင်း လွှတ်တော်၏ သဘောထားဆန္ဒကို ရယူရာ ထောက်ခံမဲ - ၅၁၉ မဲ၊ ကန့်ကွက်မဲ - ၃၇  မဲ ၊ ကြားနေမဲ -၃ မဲဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း အတည်ဖြစ် ကြောင်း ကြေညာသည်။

 

 

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက ဥပဒေကြမ်းအပိုဒ်-၂၇ ပါ ပုဒ်မ-၃၃ ၊ပုဒ်မခွဲ(က)သည် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အပေါ် ပြည်ထောင်စုလွတ်တော်မှ အတည်ပြု ပေးနိုင်ရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က နိုင်ငံတော်သမ္မတ ထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင် ၍ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွား မည်ဖြစ်ကြောင်း အသိပေးကြေညာသည်။ 

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ပြည်သူကြွေးပြီစီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ( မူကြမ်း)နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည် ပြုရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင် က အဆိုတင်သွင်းပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ဖြစ်ကြောင်း ကြေညာသည်။ 

 

ထို့နောက်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်သူကြွေးပြီစီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) တစ်ရပ်လုံးကို လွှတ်တော်ကဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။ 

 

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့်သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်(၇/၂၀၁၈) နှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ နှင့်ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဦးကျော်လင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်နှင့်  ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က  နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ပုဒ်မ(၃)(ဂ)အရ ရငွေများကို စီမံ ကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း၊ ပြဋ္ဌာန်းထားသည်များနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်း၊ အခွင့်အရေးယူ ဆောင်ရွက်ခြင်းမရှိစေရန် ဘဏ္ဍာရေးစည်းမျဉ်းအရ တိတိကျကျကိုက်ညီပြီး အကြောင်းပြ ချက်ခိုင်လုံစွာရှိသော ကိစ္စရပ်များကိုသာ ခွင့်ပြုရန်အထူးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲထားပြီးဖြစ်သဖြင့်  တည်ဆောက်မှုလုပ်ငန်း များအတွက် ဘဏ္ဍာရေးနှစ်ကျော် လွန်ပေးချေမှုကို ပြန်လည်သုံးသပ်ဆောင်ရွက်မည်ဖြစ် ပါကြောင်း။

 

နိုင်ငံခြားငွေလက်ကျန်များနှင့် စပ်လျဉ်း၍ ကြပ်မတ်ဆောင်ရွက်မှု အခြေအနေကို ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြရန် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့ အစည်းများသို့ အကြောင်းကြားပေးမည်ဖြစ်ပါကြောင်း၊   အခွန်ကြွေးကျန်များသည် နိုင်ငံ တော်မှရသင့်ရထိုက်သည့် ဘဏ္ဍာငွေများဖြစ်သည့်အတွက် အမှန်တကယ်မရရှိနိုင်သည့် အခွန်ကြွေးကျန် မှန်-မမှန်အချိန်ယူ၍ စိစစ်ဆောင်ရွက်ရသည့်ကိစ္စဖြစ်ပါကြောင်း။

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန်ကြွေးများ အစွမ်းကုန်ကောက်ခံရေးကို ရှေ့လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ခဲ့သည့်အပြင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ၁၊ ၂၊ ၃၊ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများမှ အခွန်ကြွေးကောက်ခံရေး လုပ်ငန်းစီမံချက်များ ရေဆွဲဆောင်ရွက်လျက် ရှိပါကြောင်း။

 

တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ပြည်ထောင်စုမှဘဏ္ဍာငွေဖြည့်ဆည်းခြင်း များ အပေါ် မှီခိုနေရခြင်းကို တဖြည်းဖြည်းလျှော့ ချနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ကိုယ်ပိုင်ဘဏ္ဍာငွေအပေါ်ရပ်တည်နိုင် ရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြားဘဏ္ဍာငွေခွဲဝေကျင့်သုံးမှုပုံစံကို ဖွဲ့စည်းပုံအခြေခံ ဥပဒေများနှင့်အညီအဆင့်ဆင့်တိုးတက်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ပြည်ထောင် စုတွင်ဖြည့်စွက်ခွင့်ပြုငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှုများကို ခွင့်မပြုပါကြောင်း၊ ဖြည့်စွက် ခွင့်ပြုငွေမှ ပိုလျှံငွေအပ်နှံမှုကိုလည်း ကြီးလေးသောချို့ယွင်း ချက်အဖြစ် သတ်မှတ်ထား ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

လိုငွေဖြည့်ဆည်းမှုနှင့်စပ်လျဉ်း၍ ဥပဒေပါ ယူနိုင်ခွင့်ချေးငွေထက် ကျော်လွန်ခြင်းမရှိ သည်ကို ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ရှင်းလင်းမှုနှင့်တူ ပြန်လည်ရှင်းလင်းတင်ပြထားပြီးဖြစ် ပါကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းအများ၏ Other Account များအပေါ် အကြံပြုဆွေးနွေးမှုနှင့်စပ်လျဉ်း၍  နိုင်ငံပိုင်စီပွားရေးအဖွဲ့အစည်းများကို OA Account များဖွင့်လှစ်ခွင့်ပြုရခြင်းမှာ လုပ်ငန်းများကို ပိုမိုသွက်လက်စွာဆောင်ရွက်ပြီး ဝင်ငွေတိုး၍ ရှာ ဖွေနိုင်ရန်နှင့်  ဘဏ္ဍာရေးအရလွတ်လပ်စွာ ရပ်တည်နိုင်ရန် ဖြစ်ပါကြောင်း၊ OA စာရင်း များသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၏အစိတ်အပိုင်းဖြစ်ပါကြောင်း၊ OA စာရင်းများမှ ငွေထုတ်ယူသုံးစွဲရာတွင်ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေဖြင့်သာ သုံးစွဲခွင့်ရှိပါကြောင်း။ 

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သုံးသပ်အကြံပြုချက်များ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ်ချက်နှင့်သဘောထားမှတ်ချက်များ လွှတ်တော်ကိုယ်စားလှယ် များ၏ အကြံပြုဆွေးနွေးချက်များကို သက်ဆိုင်ရာဌာန များသို့ အလေးထားကြပ် မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ဖြစ်သည့် BOT Task  Force အဖွဲ့များမှ BOT ၏ အားသာချက်၊ အားနည်းချက်များကို အထက်အဆင့်သို့ တင်ပြစေပြီး ပြည်သူများသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာချသင့်ကြောင်းနှင့်စပ်လျဉ်း၍  တိကျစွာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ BOT စနစ်အပေါ် ပဋိဉာဉ်စာချုပ်ပါ အချက်များမှ စည်းနှောင်မှုအားနည်းနေသည့်အချက်များကို ပြည်လည်သုံးသပ်၍ စာချုပ် ပြင်ဆင်ချုပ်ဆိုရေး ညှိနှိုင်းဆောင်ရွက်သွားသင့်ကြောင်း သဘောထားမှတ်ချက်နှင့်စပ်လျဉ်း ၍လည်း ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့ တင်ပြသွာမည်ဖြစ်ပါကြောင်း။ 

 

အိမ်ရာချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေချေးသူများ၏ ပြန်လည်ပေး ဆပ်နိုင်စွမ်းကို စနစ်တကျစိစစ်၍ ထုတ်ချေးလျက်ရှိသည့်အပြင် ချေးငွေစိစစ်ခွင့်ပြုခြင်းကို ကော်မတီများဖွဲ့စည်း၍ မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ချေးလျက်ရှိပြီး အိမ် ရာချေးငွေ ပုံမှန်ပြန်လည်ကောက်ခံရရှိရေးနှင့် ပေးဆပ်ရန်ပျက်ကွက်သည့် ချေးငွေများ အပေါ် စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်၍ စနစ်တကျ လုပ်ဆောင်လျက်ရှိပါကြောင်း၊ Joint Venture စနစ်ဖြင့် ဖက်စပ်ကုမ္ပဏီများတွင် ထည့်ဝင်ထားငွေများမှ မြေတန်ဖိုးထည့် ဝင်နှုန်းများနှင့် Joint Venture လုပ်ငန်းများကို Joint Venture စာချုပ်ပါအတိုင်း လုပ်ငန်း ဆောင်ရွက်ချက်များ၊ အတွင်းစာရင်းစစ်အဖွဲ့များ၊ အပြင်စာရင်းစစ်အဖွဲ့များနှင့်  စစ်ဆေး ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ဝင်ငွေများရရှိစေရေး နှင့် လုပ်ငန်းများအောင်မြင်မှုရရှိစေရေးတို့ကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ 

 

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် Telematicsစနစ် ရေရှည်တည်တံ့အောင်မြင်စေရန်  စက်ကိရိယာတပ်ဆင်ခနှင့် ဝန်ဆောင် ခကို သင့်လျော်သည့်နှုန်းထား  သတ်မှတ်၍ မော်တော်ယာဉ်လိုင်းများ၊ အဖွဲ့များ ယာဉ်ပိုင် ရှင်များမှ ပေးဆောင်လာစေရေး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သဘောထားမှတ်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာအပိုင်း (၁) ကို ဌာနအချင်းချင်း ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ရန် သတ်မှတ်ထားသော စည်းကမ်းများအရ လိုက်နာ ဆောင်ရွက်ရန်နှင့် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြရန်လိုအပ်ကြောင်း သဘောထားမှတ်ချက်နှင့် Thirt Party Inspection Program အတွက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံးသတ်မှတ်ပြဋ္ဌာန်းပေးရန်လိုအပ်ကြောင်း သဘောထားမှတ်ချက်တို့ကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်များကို လုပ်ငန်းလမ်းညွန်အဖြစ် ထုတ်နုတ်ပြုစုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ လက်အောက်ဌာနများသို့ ထပ်ဆင့်ညွန်ကြား ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြန်လည်ရှင်းလင်း ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ထပ်မံသိရှိလိုသည်များရှိပါက သက်ဆိုင်ရာ လွှတ်တော် အလိုက် မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း မှာကြားသည်။

 

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်း က ပြည်ထောင် စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၇/၂၀၁၈)နှင့်စပ်လျဉ်း၍   လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

မင်းမင်းဇော်၊ မွှေးကြူဇင်