ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပ

တောင်ကြီး ၂၅  စက်တင်ဘာ 
 
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို စက်တင် ဘာလ (၂၅)ရက် နံနက် (၁၀)နာရီကရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။
 
ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၃ )ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၅ )ဦးရှိပြီး အစည်းအဝေးသို့ ( ၁၁၈ ) ဦးတက်ရောက်သဖြင့် ( ၈၂.၅၂ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် သတ္တမနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။
 
ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၅)ဦးတို့ အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှ အတည် ပြုကြောင်း ကြေညာပါသည်။
 
၎င်းနောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းရာ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က “သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာအုပ်စုရှိ အ.မ.က(လန်ဒွဲဟော်)ကို တာဝန်ယူ ဆောက်လုပ်ခဲ့သည့် သုခဦးကုမ္ပဏီသည် ဒေသခံ တိုင်းရင်းသားများထံမှ ကျောင်းဆောက်လုပ်စဉ်တွင် ပေးချေရန် ကျန်ရှိသည့်ငွေ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ် က “တောင်ကြီး-ကျိုင်းတုံ- တာချီလိတ် လမ်းကြောင်းခရီးစဉ်တွင် (Permission Tour) များအပြင် အခြား ကမ္ဘာလှည့်ခရီးသည်များ လွတ်လပ်စွာ သွားလာခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ် လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က လည်းကောင်း၊ ကလော မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က “မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်များအပေါ် ရှမ်း ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ အထူးအဖွဲ့များ အနေဖြင့် ယနေ့ချိန်ထိဆောင်ရွက် ပြီးစီးမှုအခြေအနေကိုသိရှိလိုပါသည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော် မှလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက် က “မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊ ဝမ်ဆာ၊ ပါထွန်ကျေးရွာနှင့် နမ့်လန်းကျေးရွာအုပ်စု၊ နမ့်လန်းကျေးရွာတို့ကို ဆက်သွယ်သော အုပ်စုချင်းဆက် လမ်းဟောင်းကို ပြန်လည်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေးက လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာ စာပေသင်ကြားသည့် ဆရာ/ဆရာမတို့အား နေ့စားအဖြစ် ခန့်အပ်ပေးရန်နှင့် (၃)လတစ်ကြိမ် ထောက်ပံ့ကြေးထုတ်ခွင့်ရရှိရန်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း ပြန်လည်ဖြေကြားကြသည်။
 
ထို့နောက် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က “နမ့်ခမ်းမြို့နယ်၊ မန်ဟောင်းကျေးရွာအုပ်စု၊ နောင်မနှင့် မန်ဟောင်းကျေးရွာချင်းဆက်သွယ်သော တံတားအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး က လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း က “၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်များ၊ ကောလိပ်များ၊ အဝေးသင် တက္ကသိုလ်များတွင် ကျောင်းသား/ကျောင်းသူမည်မျှရှိပြီး ဆရာ/ဆရာမများနှင့် အချိုးညီ/မညီ၊ ဘွဲ့ရများအား အလုပ်အကိုင် ရရှိရေး မည်သို့စီစဉ် ဆောင်ရွက်နေကြောင်းကို သိရှိလိုပါသည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကလည်းကောင်း၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “မိုင်းယန်းမြို့နယ်၊ မိုင်းလ ွကျေးရွာအနီး နမ့်လွေချောင်းမှာတိမ်ကောလာသည့်အတွက် တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးစိုင်းလုံကျော် က လည်းကောင်း ပြန်လည်ဖြေကြား ကြသည်။
 
 
၎င်းနောက် ရှမ်းပြည်နယ်လွှတ်တော် ပညာရေး၊ကျန်းမာရေးနှင့် အမျိုးသမီး၊ ကလေးဆိုင်ရာ မြှင့်တင်မှုကော်မတီအစီရင်ခံစာကိုကော်မတီအဖွဲ့ဝင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက လွှတ်တော်သို့ဖတ်ကြားတင်ပြရာ ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
 
ယင်းနောက် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်း တင်ပြ ပြီးနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တ မနေ့) ကိုနံနက်(၁၁:၃၅)နာရီတွင် ပြီးမြောက်ကြောင်းကြေညာသည်။
 
ပြည်နယ်ပြန်/ဆက်