ဂျပန်နိုင်ငံတွင် အင်ဂျင်ချွတ်ယွင်းမှုကြောင့် ဒုံးပျံပျက်ကျမှု ဖြစ်ပွား

၃၀ ဇွန်

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး စီရင်စုမြောက်ပိုင်းတွင် အခြေစိုက်သည့် Interstellar Technologies ကုမ္ပဏီသည် စနေနေ့ နံနက်ပိုင်းက ၁၀ မီတာအရှည်ရှိ ဒုံးပျံငယ်တစ်ခု ပစ်လွှတ်ရာတွင် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စနေနေ့နံနက်  ၅ နာရီခွဲက စီရင်စုအတွင်းရှိ တိုင်ကီမြို့တွင် အဆိုပါ ဒုံးပျံကိုပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပစ်လွှတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်း မီးလောင်ကျွမ်းကာ မြေပြင်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျခဲ့သည့်နေရာ အနီးတစ်ဝိုက် ပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရသည်။

 

 

ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ တာကာဟီရို အီနာဂါဝါ က ကုမ္ပဏီကို ထောက်ပံ့ပေးသူများအား တောင်းပန်ခဲ့ပြီး ဒုံးပျံ၏ အဓိကအင်ဂျင်တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ဟန်ရှိကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး ယခုချိန်ထိ အကြောင်းအရင်း အတိအကျမသိရသေးပေ။ ကုမ္ပဏီတည်ထောင်သူ တာကာဖူမိ ဟိုရိအဲ က ပျက်ကျမှုအတွက် မျှော်လင့်မထားကြောင်းနှင့် နောက်တစ်ကြိမ် ပစ်လွှတ်ရန်အတွက် ထောက်ပံ့မှုများ တိုးမြှင့်ရန် လိုလားနေသည်။

ကုမ္ပဏီအနေဖြင့် ကီလိုမီတာ ၁၀ဝ အထက်အရှည်ရှိသော ဒုံးပျံတစ်စင်းကို ကမ္ဘာ့အပြင်ဘက်သို့ ပစ်လွှတ်နိုင်သည့် ပထမဆုံး ဂျပန်ကုမ္ပဏီတစ်ခုဖြစ်လာရန် ကြိုးစားနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလကလည်း ဒုံးပျံတစ်စင်းပစ်လွှတ်ရန် စီစဉ်ခဲ့ပြီး ဒုံးပျံကိုယ်ထည်ပေါ်တွင် ချွတ်ယွင်းချက် တွေ့ရှိခဲ့သည့်အတွက် ဖျက်သိမ်းခဲ့ရသည်။

MDN

ကိုးကား - NHK