ဟိုပင်၌ သီတင်းကျွတ် မီးထွန်းပွဲတော် သီချင်းဆိုပြိုင်ပွဲ Hopin Idol ကျင်းပ

ဟိုပင်     ၂၆     အောက်တိုဘာ                

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ဟိုပင်မြို့၌ သီတင်းကျွတ် မီးထွန်းပွဲတော် သီချင်းဆိုပြိုင်ပွဲ Hopin Idol ကို အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီမှ ၂၅ ရက်ထိ ၃ ညတိုင်တိုင် ကျင်းပရာ ပထမဆုကို မောင်KD ယော်ဆောင်း  ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၀ ယှဉ်ပြိုင်ကြပြီး ၂၅ ရက် ညတွင် ပြိုင်ပွဲအဆင့်ဆင့် ဖြတ်ကျော်ခဲ့ကြသော ဆန်ကာတင် ၁၀ ဦး ယှဉ်ပြိုင်ခဲ့ကြရာ ဒုတိယဆုကို စိုင်းဝဏ္ဏအောင်၊ တတိယဆုကို ကိုနေတို့က အသီးသီး ရရှိခဲ့ကြပြီး နှစ်သိမ့်ဆု ၇ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 

ပထမဆုကို အလှူရှင်များစုပေါင်း လှူဒါန်းငွေကျပ် ၅ သိန်းနှင့် ရွှေရတနာ ရွှေဆိုင်မှ ကျပ် ၂ သိန်းခွဲတန်ဖိုးရှိ ရွှေဆွဲကြိုး တစ်ကုံး၊ ဒုတိယဆုကိုငွေကျပ် ၃ သိန်း၊ တတိယဆုကို ငွေကျပ် ၂ သိန်း၊ နှစ်သိမ့်ဆု ၇ ဆု တို့အတွက်ငွေကျပ် ၅ သောင်းနှင့် ဆုတံဆိပ်များနှင့် အမှတ်တရပစ္စည်းများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။    

 

တိုးတိုးမေ- ဟိုပင်