ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူး

ကျားကျားကြိုက်ကြိုက် အမည်ရ ရုပ်ရှင်ကားကြီး တစ်ကားကို Myanmar Media 7 ထုတ်လုပ်ရေး က ရိုက်ကူးထုတ်လုပ်နေကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် မင်းမော်ကွန်း၊ မြင့်မြတ်၊ မိတ်ကပ်ခင်စန်းဝင်း၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)၊ မိတ်ကပ် လင်းလင်း (တော်ဝင်သူ)နှင့် မိတ်ကပ် ထက်ထက်တို့က အဓိကပါဝင် သရုပ်ဆောင်ကြမည့်အပြင် တက္ကသိုလ် ဂွမ်းပုံ၊ အုန်းသီး၊ K ညီ၊ ချက်ကြီးနှင့် အခြားအနုပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။

ဦးဝေမင်းမောင် (Myanmar Media 7)

ကျွန်တော်တို့ ဒီဇာတ်ကားကြီးစတင် ရိုက်ကူးဖို့က ကျွန်တော်တို့ထုတ်လုပ်ရေးအနေနဲ့ဆိုရင် ဟာသကားရိုက်တာလည်း သိပ်မရှိဘူးလေ၊ အဲဒီတော့ ဒါရိုက်တာ ကိုပြည်ဟိန်းသီဟကို ပြောလိုက်တယ်၊ ကျွန်တော် ဟာသကားလေးတစ်ကားလောက် ရိုက်ချင်တယ်ပေါ့၊ ဘယ်လိုပုံစံ ရိုက်ရင်ကောင်းမလဲဆိုပြီး တိုင်ပင်တဲ့အခါ Facebook  ပေါ် မှာလည်း လူသိများတယ်၊ မိတ်ကပ် ပညာရှင်လည်းဖြစ်တဲ့ ထက်ထက်၊ လင်းလင်း၊ သုသုတို့နဲ့ ရိုက်မယ်ပေါ့၊ သူတို့က သရုပ်ဆောင်လည်း ကောင်းကြတာဆိုတော့၊ ကျွန်တော် ရုပ်ရှင်တစ် ကားလောက် ရိုက်မယ်ဆိုပြီး ပြောပြတယ်၊ ဇာတ်လမ်းပုံစံကအစ ပြောထားလိုက်တော့ သူတို့ကလည်း ရိုက်မယ်ဆိုတော့ ကျွန်တော်တို့ဒါရိုက်တာနဲ့ အားလုံးတိုင်ပင်ပြီး သူ့မှာစဉ်းစားထားတဲ့ ဇာတ်လမ်း ရှိတယ်ဆိုပြီးပြတာနဲ့ ရိုက်ဖြစ်ခဲ့တာပါ၊ မင်းသားစဉ်းစားတော့ နာမည်ကြီးမင်းသားတွေက ရိုက်ပါ့မလားဆိုပြီး စိုးရိမ်စိတ်ဖြစ်မိတယ်၊ ဒါပေမယ့် ကိုမင်းမော်ကွန်းနဲ့ ကိုမြင့်မြတ်ကလည်း ရိုက်မယ်ပြောလို့ အခုလို ရိုက်ဖြစ်ခဲ့တာပါ။

သုသု (ခ) မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

ကိုယ့်အနေနဲ့ဆို ဒီကားလေးက ပထမဆုံး ကားလေးဆိုလည်း မှန်ပါတယ်၊ ကိုယ်တွေက ကင်မရာနောက်ကွယ်ကနေ မင်းသမီးတွေကို မိတ်ကပ်လိမ်းပေးရတာပေါ့၊ အခု ကိုရွှေမန်းတို့က ကမ်းလှမ်းခဲ့တာကြောင့် ရိုက်ဖြစ်တာပါ၊ ပြီးတော့ ကိုယ့်သူငယ်ချင်းတွေနဲ့လည်း ရိုက်ရမယ်ဆိုတာရယ်၊ ကိုယ့်အတွက်လည်း အတွေ့အကြုံလေးတစ်ခုရမယ် ဆိုတာကြောင့် ရိုက်တာပါ၊ ရန်ကုန်မှာ စရိုက်တုန်းကတော့ စိတ်လှုပ်ရှားတာပေါ့၊ ဒါပေမယ့် ကိုပြည်ဟိန်းသီဟက သရုပ်ဆောင်တာကို သေချာသင်ပေးတာမို့ အခက်အခဲမရှိ လုပ်နိုင်ခဲ့ ပါတယ်။

မိတ်ကပ်လင်းလင်း(တော်ဝင်သူ)

လင်းကတော့ အရင်တုန်းက ကိုမြင့်မြတ် နဲ့ ဇွတ်ကျားကားလေးမှာ အတူတူ သရုပ်ဆောင်ဖူးပါတယ်၊ အဲဒီတုန်းက စိတ်တွေ အလွန်လှုပ်ရှားခဲ့တာပေါ့နော်၊ ကိုမြင့်မြတ်က ကိုယ့်အတွက် မြင်ဆရာလည်း ဟုတ်ပါတယ်၊ ဘယ်လိုလုပ်ရ တယ်ဆိုတာမျိုးကအစ သူပဲ သေချာ သင်ပေးတာပါ၊ အရင်ကဆို အပြင်မှာ ကိုယ်က သွက်လက်နေသူတစ်ယောက် ဖြစ်နေပေမယ့် တကယ်ကင်မရာရှေ့လည်းရောက်ရော မျက်နှာသေကြီး ဖြစ်သွားတာမျိုးတွေတော့ ရှိခဲ့တယ်၊ ဘာပြောပြော အားလုံးကို ကျေးဇူးတင်ပါတယ်။

မိတ်ကပ်ခင်စန်းဝင်း

ဒီဇာတ်ကားရိုက်ဖို့အတွက် စပြီးကမ်း လှမ်းလာတာကတော့ ရှုတင်မန်နေဂျာ အစ်ကိုတစ်ယောက်က ပြောလာတာ ပေါ့နော်၊ ဒီကားလေးရှိတယ် ရိုက်ပေးပါလားဆိုပြီး ပြောလာတာ၊ ပထမတော့ ကိုဇော် (အရုဏ်ဦး)နဲ့ ရိုက်မယ်ဆိုပြီး ဇာတ်လမ်းအပြောင်းအလဲ ဖြစ်သွားတယ်နဲ့တူတယ်၊ ဒါရိုက်တာက ကိုပြည် ဟိန်းသီဟ ဖြစ်သွားတာပေါ့၊ ပထမရိုက်မယ့် ဇာတ်မျိုးလည်း မဟုတ်တော့ဘူးလို့ဆိုတယ်၊ အခုကားကတော့ ဟာသကားလေး ဖြစ်သွားတယ်ပေါ့နော်၊ ကိုယ်လည်း ဟာသကားဖြစ်နေတော့ မရိုက်ချင်တဲ့အကြောင်း ပြောလိုက်တယ်၊ ဒါပေမယ့် ကိုရွှေမန်းကလည်း အကူအညီတောင်းတာနဲ့ မကြီး ရိုက်ဖြစ် သွားတာပါ။

ကိုလင်း