ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ်၌ ပြည်သူများ လာရောက်ဆန္ဒမဲပေး

အုတ်တွင်း ၃  နိုဝင်ဘာ 

 

၂၀၁၈ ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲ တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာ အုပ်စု ၂၂  စု အတွက် မဲရုံပေါင်း ၇၂ ရုံဖွင့်လှစ်ထားရှိရာ ယနေ့ နံနက်ပိုင်းမှ စ၍ ပြည်သူများ လာရောက်ဆန္ဒမဲပေးကြသည်။

 

 

အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၁)နေရာအတွက် မဲပေးခွင့်ရှိသူ ဦးရေ  ၅၉၀ဝဝ ကျော်ရှိပြီး ယနေ့ ပြည်သူများ လာရောက်ဆန္ဒမဲပေးနေ မှုကို  နိုင်ငံခြားသားများလည်း လာရောက်လေ့လာခဲ့ကြသည်။ 


သူရ(တောင်ငူ)