ကျောက်ဆည်မြို့နယ်တွင် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ မဲရုံများအားကြည့်ရှု

ကျောက်ဆည် ၃ နိုဝင်ဘာ

 

ကျောက်ဆည်မြို့နယ်တွင် လစ်လပ်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် မဲရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက စ ပြီးဆောင်ရွက်လျှက်ရှိရာ ဆန္ဒမဲများလာရောက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့မဲဆန္ဒပေးရာတွင်မန္တလေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင် ဒေါက်တာအောင်ဝင်းကြည်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ကြည်ရှိန်တို့က ဆန္ဒမဲပေးသူများအေးချမ်းစွာပေးနိုင်စေရေးအတွက် လိုက် လံကြည့်ရှုစစ်ဆေးခဲ့ရာသက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ခွဲဝင်များက မဲရုံဆောင်ရွက်ထားရှိ မှုများနှင့်လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများအကြောင်းကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

သက်မောင်ခရိုင်(ပြန်/ဆက်)