ခေတ်ရှေ့ပြေးတဲ့ လေကြောင်းစွမ်းအင်တည်ဆောက်နိုင်ရေးမှာ ဗြိတိန်ဦးဆောင်ဖို့ အင်အားဖြည့်ပြီးကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ဖော်

လန်ဒန် ၁၇ ဇူလိုင်

 

ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်အခုအဖြစ် ဗြိတိန်၏ အခန်းကဏ္ဍတောင့်တင်းခိုင်မာရန်နှင့် နိုင်ငံအနှံ့ စက်မှု စွမ်းအားကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းနေပါတယ်ဆိုတဲ့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Gavin Williamson ဟာ ဗြိတိန် လေတပ်အတွက် Tempest အမည်ရှိ မျိုးဆက်သစ် တိုက်ပွဲဝင် တိုက်လေယာဉ်တစ်မျိုးကို Fanborough အပြည်ပြည်ဆိုင်ရာလေကြောင်း ပြပွဲတွင် ဇူလိုင် ၁၆ ရက်က ထုတ်ဖော်ပြသလိုက်သည်။

 

 

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဗြိတိန်စက်မှုလုပ်ငန်းတို့ ပူးပေါင်းကာ ခေတ်ရှေ့ပြေးတဲ့ တိုက်လေယာဉ်တစ်မျိုးကို တည်ဆောက်ရန် မဟာဗျူဟာ ချမှတ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံဟာ နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုနှင့် စက်မှုကျွမ်းကျင်မှုမှာ ထိပ်ဆုံးက ဦးဆောင်နေသည့် နိုင်ငံတစ်ခုအဖြစ် သက်သေပြနိုင်ရန် အဆိုပါ လေယာဉ်တည်ဆောက်ရေး မဟာဗျူဟာကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

 

အနာဂတ်တိုက်ပွဲဝင် လေကြောင်း စွမ်းရည်သစ်ကို ပိုင်ဆိုင်ရေး အဆိုပါ တိုက်လေယာဉ်တည်ဆောက်ရန် မဟာဗျူဟာ ချမှတ်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်၏ စွမ်းဆောင်နိုင်စွမ်းအားကို ၂၀၂၀ တွင် အတည်ပြုပြီးနောက် ၂၀၂၅ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး ဆက်လက် တည်ဆောက်သွားမည်ဖြစ်သည်။ ၂၀၃၅ တွင် ပျံသန်းနိုင်ဖို့ မျှောင်လင့်ရသည်။ 

 

Tempest  ဖိုက်တာကို ဗြိတိန်တော်ဝင်လေတပ်၏ စွမ်းဆောင်ရည် အကဲဖြတ်ရုံးနှင့်အတူ စစ်လက်နက် ကုမ္ပဏီ  BAE စက်မှုလုပ်ငန်းနှင့် အခြားဥရောပ ကုမ္ပဏီကြီးများပူးပေါင်း တည်ဆောက်သွားကြမည်ဖြစ်ပြီး။ BAE သည် အမေရိကန်၏ F 35 ဂျက်တိုက်လေယာဉ် တည်ဆောက်စဉ်က ပါဝင်ခဲ့ပြီး ခေတ်ရှေ့ပြေးတဲ့ နည်းပညာသုံးကိုယ်ပျောက် တိုက်လေယာဉ်များနှင့်ပတ်သက်၍လည်း အတွေ့အကြုံရှိထားသည်။ 

 

BAE သည် Tempest ဖိုက်တာ၏ တိုက်ပွဲဝင် လေကြောင်းစနစ်ကို တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး၊ အင်ဂျင်ပိုင်းဆိုင်ရာအတွက် Rolls-Royce ကုမ္ပဏီကလည်းကောင်း၊ ရေဒါနှင့် အီလက်ထရောနစ် စစ်ဆင်ရေးဆိုင်ရာအတွက် Leonardo ကုမ္ပဏီကလည်းကောင်း၊ လက်နက်စနစ်အတွက် MBDA ကုမ္ပဏီမှ လည်းကောင်း အသီးသီး တာဝန်ယူ တည်ဆောက်သွားကြမည်ဖြစ်သည်။

 

 

ဗြိတိန်တော်ဝင်လေတပ်ကို လက်ရှိတွင် အမေရိကန်၏ F 35 Lighting II နှင့် Typhoon ဂျက်တိုက်လေယာဉ်များဖြင့် ကျောရိုးထားဖွဲ့စည်းထားပြီး ၂၀၄၀ နောက်ပိုင်းတွင် Typhoon ဂျက်တိုက်လေယာဉ်များနေရာတွင် Tempest  ဖိုက်တာများ အစားထိုး ဖွဲ့စည်းသွားရန် ရည်ရွယ်ထားသည်။

 

“ဗြိတိန်ဟာ တိုက်ပွဲဝင် လေကြောင်းစွမ်းအားမှာ ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုအဖြစ် ရာစုနှစ်တစ်ခုစာ ဦးဆောင်ထားနိုင်ခဲ့တယ်။ ဒီနေ့အချိန်မှာ ကျွန်တော်တို့နိုင်ငံ ၊ တပ်မတော်၊ မဟာမိတ်များအတွက် ဗြိတိန်ဟာ မျိုးဆက်သစ် လေကြောင်းစွမ်းအား ကဏ္ဍမြင့်မားလျက်ရှိတယ်ဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး” လို့ Fanborough အပြည်ပြည်ဆိုင်ရာလေကြောင်း ပြပွဲတွင် ဗြိတိန် ကာကွယ်ရေးဝန်ကြီး Gavin Williamson ပြောကြားခဲ့သည်။

 

SMZaw (MDN)
Source> www.gov.uk/government/news