ချီဖွေမြို့နယ် ပြည်သူ့စာကြည့်တိုက် ပြတိုက်ငယ် (Mini Museum) တွင် ပြသထားရှိရန်  တိုင်းရင်းသားရိုးရာ ဝတ်စုံများ လာရောက်လှူဒါန်း

ချီဖွေ   ၂၀   မေ

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြတိုက်ငယ် (Mini Museum) ၌ ပြသဆောင်ရွက်ထားရှိရန် ဒေသခံ ဦးဂျွန်ဝူ ဒေါင်လွမ်း (Jum Qu Dau: Leim”) က ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် လော်ဝေါ် တိုင်းရင်းသားရိုးရာဝတ်စုံနှင့် နှာခေါင်းစည်း (Mask) များ လာရောက်လှူဒါန်းခဲ့သည်။

 

ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူများ၊ စာငှား၊ စာဖတ် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လေ့လာနိုင်ရန်  ပြတိုက်ငယ် (Mini Museum)  အတွက် ချီဖွေမြို့နယ်အတွင်း မှီတင်းနေထိုင်သည့် လော်ဝေါ်တိုင်းရင်းသားရိုးရာဝတ်စုံ အမျိုးသားဝတ်အင်္ကျီ ၁ ထည်၊ ခေါင်းပေါင်း ၁ ခု၊ အမျိုးသားဝတ် ပုဆိုး ၃ ထည်နှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေဖို့ နှာခေါင်းစည်း Mask ၂၅ ခု တို့ကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်ထံ လာရောက် လှူဒါန်းသွားကြောင်း သိရှိရသည်။

 

ဇင်မာဝင်း(ပြန်/ဆက်)