ကျိုက်မရောမြို့နယ်တွင် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ကျိုက်မရော ၉ စက်တင်ဘာ 

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာတွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သော ကရင်ရိုးရာ လက်ချည်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကလိုင်းကနိုင်ကျေးရွာ အပေါ်ရွာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာ ကရင်လူမျိုးတို့၏ အလံအား စိုက်ထူပေးပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြန်လည်တွေ့ဆုံခွင့်ရခြင်း အထိမ်းအမှတ်အဖြစ် လက်ချည်ပွဲကို ဆက်လက်ကျင်းပသည်။ အခမ်းအနားတွင် ကရင်ရိုးရာ ဒုံးယိမ်းအကများ၊ ကရင်ရိုးရာ အစားအစာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

 

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)