ကြွက် ခန္ဓာကိုယ်အတွင်း ပျံ့နေသည့် တုပ်ကွေး ဗိုင်းရပ်စ် ပုံရိပ်စနစ်ဖြင့်ဖမ်းယူနိုင်

၂၆ ဇွန်

 

ဂျပန်သုတေသီများက အသက်ရှင်နေသည့် ကြွက်များတွင် ပျံ့နှံ့နေသည့် ငှက်တုပ်ကွေးရောဂါ မည်သို့ ကူးစက်သည်ကို သိရှိနိုင်ရန် နည်းလမ်းရှာဖွေတွေ့ရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။

 

တိုကျိုတက္ကသိုလ်၊ ဆေးပညာသိပ္ပံဌာနမှ ပါမောက္ခ Yoshihiro Kawaoka နှင့် အဖွဲ့သည် ကြွက်များ၏ အဆုတ်အတွင်းတွင် ပြန့်ပွားနေသည့် ဗိုင်းရပ်စ်ပိုးများကို ပုံရိပ်ဖမ်းယူနိုင်သည့် အဏုကြည့်ပုံရိပ်စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။

 

သုတေသီအဖွဲ့က မတူညီသည့် တုပ်ကွေးရောဂါ မျိုးကွဲ (၂) မျိုး ဖြစ်သည့် ကြွက်မှတစ်ဆင့် လူသို့ ကူးစက်သော H1N1 ရောဂါနှင့် ငှက်တုပ်ကွေး H5N1 ရောဂါကို ကြွက်များဖြင့် စမ်းသပ်ခဲ့ပြီး ယင်းတုပ်ကွေးတို့သည် လူများတွင် ပြင်းထန်သည့် လက္ခဏာများ ဖြစ်ပွားစေကြောင်း သိရသည်။

 

ယင်းပုံရိပ်ဖမ်းစနစ်ဖြင့် ဖမ်းယူထားသော ပုံရိပ်များတွင် H5N1 ကူးစက်နေသော အဆုတ်ဆဲလ်များသည် အနီရောင် သွေးကြောများအတွင်း အစိမ်းရောင် တောက်ပနေပြီး ပျက်စီးနေသော သွေးကြောမျှင်လေးများသည် ပေါက်ထွက်နေသည်ဟု ယူဆရသည်။

 

ခုခံအားစနစ်အတွက် အရေးပါသည့် သွေးဖြူဥ ဆဲလ်များသည်  ရောဂါကူးစက်နိုင်သည့်အတွက် သွေးကြောအတွင်း စုစည်းနေပုံကိုလည်း ပုံရိပ်တွင် မြင်ရကြောင်း သိရသည်။

 

ယခုလေ့လာမှုသည် ဆေးဝါးကုသမှုကို တိုးတက်စေနိုင်သည့် ဗိုင်းရပ်စ်များ၏ ဇီဝကမ္မသက်ရောက်မှုကို တွေ့မြင်မှုရစေသည်ဟု ပါမောက္ခ Yoshihiro Kawaoka ကပြောသည်။

 

ကိုးကား- NHK

ဘာသာပြန်- ဆုမြတ်နိုး