ကလေးစာပေပွဲတော်(သံတွဲ)တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတီးဝိုင်းအဖွဲ့ ဖျော်ဖြေမည်

သံတွဲ   ၂၅    အောက်တိုဘာ 

 

သံတွဲမြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ကလေး စာပေ ပွဲတော်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တီးဝိုင်းအဖွဲ့မှ  ပါဝင်ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုကဲ့သို့ ဖျော်ဖြေတင်ဆက်ရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တီးဝိုင်းအဖွဲ့မှ တေးသံရှင်များအပြင်   ငြိမ်းချမ်းရေး ဂီတပွဲတော်ဆုရ တေးသံ ရှင်များ၊ ကျောက်ဆည် ဆင်အက၊ Myanmar Idol မှ သားငယ်၊ မယ်မဒီ၊ ပြည့်ဖြိုးတို့ကလည်း ပွဲတော်လာ ပရိသတ် များအား ပါဝင်ဖျော်ဖြေ တင်ဆက် သွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဖျော်ဖြေရေးအစီအစဉ်များကို    အောက်တိုဘာ ၂၇ ရက်နှင့်  ၂၈ ရက်  ညနေ ၅ နာရီမှ စတင်ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မင်းဟန်