ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးကို တရုတ်လွှတ်တင်

ဘေဂျင်း ၂ ဇွန်

 

စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များအား သုတေသနပြုလုပ်ရေးနှင့်သဘာဝဘေးအန္တရာယ်စောင့်ကြည့် လေ့လာရေးတို့တွင် အဓိကအသုံးပြုမည့် ဂိုဖန်-၆ အမည်ရှိ ကမာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးအား တရုတ်နိုင်ငံက ဇွန် ၂ ရက်က လွှတ်တင်ခဲ့သည်။

 

ဂိုဖန်-၆ဂြိုဟ်တုအား တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၁၅မိနစ်တွင် လောင့်ဂျ် မာ့ချ်-တူဒီ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်ချိန်တည်းမှာပင် လော့ဂျာ-၁ အမည်ရှိ သိပံပညာစမ်းသပ်မှု ဂြိုဟ်တုတစ်လုံးကိုလည်း အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

 

ယခုလွှတ်တင်မှုသည် လောင့်ဂျ်မာ့ချ် ဒုံးပျံ၏ ၂၇၅ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ