ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့  ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၇

ကျန်းမာရေးဝန်ကြီးဌာနသည် ‌ဒေသခံအထူးကုဆရာဝန်ကြီးများ၏ ‌ဒေသအလိုက် ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခြင်းအပြင် အထူးကုသမှုများ (Super Specialty) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီး များနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများ ရရှိနိုင်စေရေးအတွက် ရန်ကုန်၊ မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်လျက်ရှိသည်။

ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးတို့မှ ဆီးနှင့်ကျောက်ကပ်ဆေးပညာ၊ နှလုံးရောဂါ ဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆေးပညာ၊ အသည်းဆေးပညာ၊  ဦးနှောက်နှင့်အာရုံ ကြောဆေးပညာ၊ ဦးနှောက် နှင့်အာရုံကြောခွဲစိတ်ပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ သွေးရောဂါ ဆေးပညာရပ် ဆိုင်ရာ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသ ရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီး ဌာနအစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ပြည်မြို့ပေါ်သာမက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှ မြို့နယ်ပေါင်း(၁၀)မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ မြို့နယ် (၃)မြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြသည်။

ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ (၁၂၁)ဦး၊ ရင်ခေါင်းဆေးကုလူနာ (၄၇)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ(၆၃)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ (၁၄၂)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ (၄)ဦး၊ အသည်းရောဂါဆေးကုသမှု ဆိုင်ရာ (၂၉)ဦး၊ သွေးရောဂါဆိုင်ရာ (၁၆)ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ (၇၃)ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာ (၁၇၃)ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာ (၄၀၃)ဦး၊ မျက်စိရောဂါဆိုင်ရာ(၅၄)ဦး၊ သားဖွားမီးယပ်‌ရောဂါဆိုင်ရာ (၁၃)ဦး၊ အရိုးရော ဂါဆိုင်ရာ (၁၆၅)ဦး၊ အထွေထွေခွဲစိတ်မှုဆိုင်ရာ(၄၅)ဦး၊ နား၊နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ (၃၁)ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာ(၄)ဦး၊ ကင်ဆာဆေးကုဆိုင်ရာ(၂)ဦး၊ ကလေးလူနာ(၁၇)ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၁၄၀၂)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း(၂၉)ဦး၊ အစာအိမ်နှင့် အူလမ်း ကြောင်းမှန်ပြောင်းကြည့်ရှုခြင်း(၅)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း(၁)ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(၁၁)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း (၂၂၂)ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း(၂၇၈)ဦး၊ သွေးချိုဓာတ်တိုင်းတာခြင်း(၂၇)ဦး၊ Ultrasound ရိုက်ကူးခြင်း (၁၅၄)ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (၂၄၅)ဦး၊ ခါးရိုးဆစ်မှ ချဥ်ဆီအရည် နမူနာယူ၍ စမ်းသပ်စစ်ဆေးခြင်း(၂)ဦး၊ လက်ချောင်းအရွတ်အိတ် အတွင်း ဆေးထိုးကုသ ခြင်း (၃)ဦး၊ လက်ကောက်ဝတ်အဆစ်အတွင်း ဆေးထိုးကုသခြင်း (၁)ဦးတို့ကို စမ်းသပ်စစ် ဆေးပေးနိုင်ခဲ့ပြီး အထူးကုဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆီးနှင့် ကျောက်ကပ်ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာသူဇာသင်းက လာရောက်ပြသသူ ဒေသခံပြည်သူများနှင့် ဆရာဝန်၊သူနာပြုများအား ကျောက်ကပ်ရောဂါနှင့် ပက်သက်၍ နေထိုင်စားသောက်ရန် အကြံပြုချက်များ၊ ရှောင်ရမည့် အစားအသောက်များအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောခဲ့သည်။

ထို့ပြင် အသည်းရောဂါဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ (၄)ဦး၊ နှလုံးရောဂါခွဲစိတ်ရန် လိုအပ်သောလူနာ(၃)ဦး၊ အဆုတ်အတွင်းမှန်ပြောင်းကြည့်ရှုရန် လိုအပ်သောလူနာ (၃)ဦးကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့(၃)ကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့များသို့ သွား‌ရောက်၍ ဆေးကုသမှုများဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်