လားရှိုး၌ ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန အဆောက်အဦ မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ 

လားရှိုး ၁၀ ဇန်နဝါရီ 

 

လားရှိုးမြို့၊ လမ်းမတော်လမ်း ရပ်ကွက်(၃)ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန အဆောက်အဦ မြေသန့်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ (၁၀)ရက်နံနက်(၇)နာရီအချိန်က ကျင်းပသည်။

 

1

 

ရှေးဦးစွာ မြေသန့်မင်္ဂလာအခမ်းအနား၌ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့မှ ဓလေ့ထုံးစံအတိုင်းရွတ်ဖတ်မေတ္တာပွားများကြသည်။

 

2

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန အဆောက်အဦကို လုပ်ငန်းတင်ဒါအောင်မြင်သော မြန်မာ့ကြယ်စင်လင်းကုမ္မဏီမှ ဦးဧရာလင်း (အုပ်ချုပ်မှုဒါရိုက်တာ)က တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး ၄၁(ပေ)၊၆၆(ပေ) ၊ရှိ ၆ ထပ် RC အဆောက်အဦနှင့် လားရှိုးမြို့ ထင်းရှူးမြိုင်အိမ်ရာ၌  ၃၉ ပေ၊ ၉၅ ပေ RC (၂)ထပ် ဝန်ထမ်းအိမ်ရာတို့ကို အဆောက်အဦ ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုပြီးချိန်မှစ၍ တစ်နှစ်ခန့် အချိန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြေသန့်မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့် တွဲဘက်ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အဆောက်အဦ ဆောက်လုပ်မည့် ကုမ္မဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဟန်ဌေး(လားရှိုး)