Latest News
နောက်ဆုံးရသတင်းများ
အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ရှိ ဘောလုံးကွင်းအား အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိ
16/07/19
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းရှိ ဘောလုံးကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်လျက်ရှိကြောင်း အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
၀မ်းတွင်းမြို့တွင် ပထမဆုံးအကြိမ်အဖြစ် Food Box ဖွင့်လှစ်ထားရှိ
16/07/19
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ မည်သူမဆို အခမဲ့စားသုံးနိုင်သည့် Food Box ကို အများပြည်သူသွားလာမှုများသည့် ရန်ကုန်-မန္တလေး ကားလမ်းမကြီး၊ တံတားဦးကျောင်းတိုက် သန္တိ သုခ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး
16/07/19
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ဖွင့်လှစ်ထားရသည့် ရေဘေးသင့် ကယ်ဆယ်ရေးစခန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းသာခြင်းအမှန်ကို သိမြင်နိုင်သည့် သိပ္ပံနည်းကျ ခိုင်မာသော တရားတော်
16/07/19
ရာသီအလိုက်ပွဲတော်များ
ကလိန်အောင်မြို့၌ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူရေး ပညာပေးသင်တန်းဖွင့်
16/07/19
ကလိန်အောင် ၁၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မနက် ၁၀ နာရီက လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေး ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။