Latest News
နောက်ဆုံးရသတင်းများ
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ခရီးရှည်မြင်းစီးလက်ရည်စစ်ပြိုင်ပွဲ ကျင်းပမည်
13/07/19
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ခရီးရှည်မြင်းစီး လက်ရည်စစ်ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီတွင် နေပြည်တော် မြင်းစီးအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကုလားတန်မြစ်ရေစိုးရိမ်ရေမှတ်အထက် ၃ စင်တီမီတာ ကျော်လွန်ရောက်ရှိ
13/07/19
ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နှင့် စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ကင်းထောက်အဖွဲ့တို့ ပူးပေါင်း၍ ကင်းထောက်ငယ် သင်တန်းကို တောင်ကြီးမြို့တွင် ဖွင့်လှစ်
13/07/19
မြန်မာနိုင်ငံတွင် မူလတန်းအရွယ် ကလေးငယ်များ မိမိကိုယ်ကို အားကိုးပြီး ယုံကြည်မှုအပြည့်ဖြင့် သူတစ်ပါးအပေါ် ကူညီတတ်သည့် စိတ်ရှိကာ ပျော်ရွှင်ခြင်းနှင့် စွန့်စားမှုကို နှစ်သက်စေရန် ရည်ရွယ်သည့် လူငယ်လေးများအဖြစ် အရွယ်ရောက်လာစေရန်၊ ကင်းထောက်အသိပညာများ တိုးတက်ပြန့်ပွားပြီး လေ့ကျင့်လှုပ်ရှားနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ကင်းထောက်အဖွဲ့မှ နည်းပြများ ပူးပေါင်းကူညီမှုဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ Brainworks TOTAL International School တွင် ပထမအကြိမ် ကင်းထောက်ငယ် (Cub Scout) သင်တန်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု
13/07/19
ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ နဝမပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းများအား လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခဲ့ရာ
အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
13/07/19
အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇနီးနှင့်သားသမီး (၂) ဦးကို ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား
13/07/19
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျွဲခြံကျေးရွာတွင် ယနေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်က ဇနီးဖြစ်သူနှင့် သားသမီး (၂)ဦးကို ခင်ပွန်းဖြစ်သူက ဓားမကြီးဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်းမဟာဗျူဟာတန်ဖိုးအလှည့်အပြောင်း ဆွေးနွေးပွဲကျင်းပ
13/07/19
ရန်ကုန် ၁၃ ဇူလိုင်
မြောင်းမြမြို့တွင်ဖွင့်လှစ်မည့် သူနာပြုသင်တန်းကျောင်းတက်ရောက်မည့် လျှောက်ထားသူများအား သင်တန်းကျောင်းနှင့် ပတ်သက်၍ သိကောင်းစရာများ အသိပေး ဆွေးနွေး
13/07/19
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ဖွင့်လှစ်မည့် သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်မည့် လျှောက်ထားသူများအား သူနာပြုသင်တန်းကျောင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း ဖြစ်ပေါ်လာပုံနှင့် သူနာပြုသင်တန်းကျောင်း တက်ရောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။