Latest News
နောက်ဆုံးရသတင်းများ
မြစ်ကြီးနား၌ ရေဘေးသင့်အိမ်ထောင်စု(၂၇၉)စုအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်
12/07/19
မြစ်ကြီးနား ၁၂ ဇူလိုင်
ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၁ ရက်က မြစ်ကြီးနားမြို့တွင် ယာယီဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့သွားရောက်ကာ လိုအပ်သည့် ထောက်ပံ့ကူညီရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကျင်းပ
12/07/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်
12/07/19
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ကြားလျက်ရှိကြသည့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားအား ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ဇနီး ဒေါ်နီလာလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ဆွမ်းဦးပုညရှင်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး ၇၀ဝ အား ဆွမ်းကြီးလောင်းလှူမည်
12/07/19
စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်၏ ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး (၇၀ဝ)အား ဆွမ်းကြီးလောင်းလှူသွား မည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
12/07/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ အစည်းအဝေး ကျင်းပ
12/07/19
နေပြည်တော် ၁၂ ဇူလိုင်
ပထမအကြိမ် ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစီအစဉ် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး (First BIMSTEC Ministerial Meeting on Agriculture – 1 st BAMM) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel , Grand Ball Room ၌ ကျင်းပသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်
12/07/19
နေပြည်တော် ၁၂ ဇူလိုင်
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
12/07/19
နေပြည်တော် ၁၂ ဇူလိုင်
မူးယစ်တပ်ဖွဲ့စု(၈)မုံရွာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၁ ရက် ညပိုင်းက မုံရွာမြို့ ကံသာဦးရပ်ကွက် သုခလမ်းရှိ မချိုချိုသင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၅၄၃၂ ပြား ဘိန်းဖြူ ၂ ဒသမ ၆၅ ဂရမ်၊ ငွေကျပ် ၃ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊
စစ်တောင်းမြစ်ရေနှင့် ကုလားတန်မြစ်ရေ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်တွင်ရောက်ရှိ
12/07/19
နေပြည်တော် ၁၂ ဇူလိုင်
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက် ၃ နာရီထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် ၃ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။