Latest News
နောက်ဆုံးရသတင်းများ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာချုပ်၌ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
06/07/19
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၌ တစ်ပြိုင်တည်း ကျင်းပစိုက်ပျိုးသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
06/07/19
ရန်ကုန် ၆ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူတည်ဆောက်နေသော ဆားသလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ- ကဝ လမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဖိုတိုလစ်သိုပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့နှင့်တွေ့ဆုံ
06/07/19
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ် စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကျင်းပ
06/07/19
စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိပ်ညွန့်(စံပြ)ရပ်ကွက် မြို့ပတ်လမ်း သာသနာ့ဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပသည်။
ဆိပ်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး
06/07/19
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွတ် အိမ်တိုင်ရာရောက် ရေသွယ်တန်းခြင်းစနစ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲက ဂွေးပင်ချောင်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
လာမည့်ရက်များအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်
06/07/19
ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
06/07/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)အတွင်း ကျင်းပသည်။
ပုဂံ ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာ
06/07/19
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု ကြေညာခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
06/07/19
မန္တလေး ၆ ဇူလိုင်
ပြည်သူလူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်းစီမံချက်အရ စုပေါင်းသန့်ရှင်းရေး (အမှိုက်ကောက်ခြင်း)ကို အောင်မြေသာစံမြို့နယ်တွင် အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်တွင် စုပေါင်းသန့်ရှင်းရေး (အမှိုက်ကောက်ခြင်း)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရီးသည်ယာဉ်သုံးစီး ထပ်ဆင့်တိုက်မှု သရက်ချောင်းမြို့၌ဖြစ်ပွား
06/07/19
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ထားဝယ် - မြိတ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ ၁၆/၃ ဖာလုံအနီးတွင် ယနေ့နံနက်ပိုင်းက ခရီးသည်ယာဉ်သုံးစီး ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။