Latest News
နောက်ဆုံးရသတင်းများ
အမျိုးသမီးအခွင့်အရေးနှင့်လူမှုဝန်းကျင်
04/07/19
နှစ်စဉ် ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကို အထိမ်းအမှတ်ပြုခဲ့ခြင်းဖြစ်၏။
လာမည့်နှစ်ရက်အတွင်း မုတ်သုံလေ အားကောင်းနေမည်
03/07/19
နေပြည်တော် ၃ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည်။
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ
03/07/19
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။
မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများအား အမှန်တကယ်နေထိုင်လိုသူများ ရရှိစေရန်အတွက် အာမခံကြေးငွေ ကျပ်ငါးသိန်းပေးသွင်း၍ မဲနှိုက်ရောင်းချပေးသွားမည်
03/07/19
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ရောင်းချရာတွင် အမှန်တကယ် နေထိုင်လိုသူများသာ ရရှိစေရန် အိမ်ရာဝယ်ယူခွင့် ရရှိသူများမှ အာမခံကြေးငွေ ကျပ်ငါးသိန်း ကြိုတင်ပေးသွင်း၍ အိမ်ခန်းနေရာအတွက် မဲနှိုက်ရောင်းချပေးသွားမည်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် နဲသမိန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များအတွက် စက်ဘီးများ လှူဒါန်း
03/07/19
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် စက်ဘီး(၅၂)စီးကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက Lesswalk.org မှ ကိုသန်းထွန်းဝင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
03/07/19
၂၀၁၉ ခုနှစ် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)မှ ကြီးမှူးကျင်းပသည့် ဟားခါးမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်း ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့၌ ခြေစမ်းမည်
03/07/19
၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စင်ကာပူလက်ရွေးစင် အမျိုးသမီအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်/အထွက် မြန်ဆန်ရန်အတွက် ဂိတ်အသစ် တိုးချဲ့ဖွင့်လှစ်မည်
03/07/19
မြန်မာအလုပ်သမားများ၊ အလည်ပတ်ခရီးသည်များနှင့် နယ်စပ်ဒေသ မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ အဝင်/အထွက်များ အဆင်ပြေချောမွေ့စေရန်နှင့် ပိုမိုလျင်မြန်စေရန်အတွက် တစ်ဖက်တရုတ်နိုင်ငံမှ
မိုင်းယောင်း၌ အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပ
03/07/19
မြိူ့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့တွင် အားကစားပြိုင်ပွဲများကို ဇွန် ၂၈ ရက်က စတင်ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများအတွက် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့မအားကစားရုံ၌ ပြုလုပ်ခဲ့သည်။
