Latest News

နောက်ဆုံးရသတင်းများ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၃၄၉၁)  သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ (၄၆၄) သန်း ပိုမိုခဲ့

ပြည်တွင်း

20/06/19

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၁၃၀၆) သန်း နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၁၈၅) သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၄၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် MIU အသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်

အားကစား

20/06/19

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့မွန်းလွဲပိုင်းက ဆက်လက်ပြုလုပ်ရာ မြန်မာကလပ် MIU အသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

မံစီ၊ သီပေါ၊ မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်များ ဖမ်းဆီးရမိ 

မှုခင်း

20/06/19

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် မံစီမြို့နယ်၊ မံရံကျေးရွာအနီး၊ မံသာကျေးရွာ-မံရံကျေးရွာသွားလမ်းတွင် နိုင်ဦး  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀ဝ  သိမ်းဆည်းရမိခဲ့သည်။

အကြိမ် (၃၀) မြောက် အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

20/06/19

နေပြည်တော်  ၂၀  ဇွန်

အကြိမ်(၃၀)မြောက် အာဆီယံအလှကုန်ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (The 30th ASEAN cosmetic committee meeting and its related meetings) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

မုတ်သုန်လေ အားအသင့်အတင့်ရှိမည်

မိုးလေဝသ

20/06/19

၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ ညနေ(၄:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။

တာချီလိတ်မြို့၌ ကလေးစာပေပွဲတော်အထိမ်းအမှတ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

အားကစား

20/06/19

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ .........

ပုဇွန်တောင်မြို့နယ်တွင် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်

ပြည်တွင်း

20/06/19

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာန၊ မြို့နယ် စာရေးဆရာအသင်းတို့  ပူးပေါင်းမှုဖြင့် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ............

ခြေလျင်နှင့် တောင်တက်အသင်း ၂၄ ကြိမ်မြောက် ဂုဏ်ပြုပွဲ ကျင်းပမည်

ပြည်တွင်း

20/06/19

သဘာဝခေါ်သံဖောင်ဒေးရှင်းက ကြီးမှူးကျင်းပမည့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း ၂၄ ကြိမ်မြောက် ဂုဏ်ပြုပွဲကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီသီရိခန်းမ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း