Latest News
နောက်ဆုံးရသတင်းများ
မန္တလေးဆေးရုံးကြီးတွင် ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းတွေ့
20/06/19
မန္တလေးဆေးရုံကြီး၌ ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စည်ပင်အမှိုက်သိမ်းလုပ်သားမှ အမှိုက်ရှင်းနေစဉ် တွေ့ရှိခဲ့သဖြင့် အမှုဖွင့်ထားကြောင်း .........
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်
20/06/19
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ရွက်ညိုတောင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ် (ဝ၀၃)ပါ(၂)စီး ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ် Domdomia BOP ကင်းစခန်းမှ Subedar MD, Najrul Islam နှင့်တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် (၂)စီး ၊ စုစုပေါင်း ၄ စီးတို့သည် နှစ်နိုင်ငံ နယ်နိမိတ်အနီး နတ်မြစ် မြစ်လယ်ရှိမင်္ဂလာကြီးချောင်းဝထိပ် ရေမိုင်အမှတ်(၈)မှ ဦးရှည်ကျ ချောင်းဝထိပ် ရေမိုင် အမှတ်(၁၁)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
20/06/19
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်) ကားလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်း(အတက်)စင်နေရာမှ ဇွန်လ ၁၈ ရက်က (ဆန်းသစ်-ခရီး သည် တင်မှန်လုံ(၆)ဘီး၊ ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (ဝ ဒသမ ၄၀ဝ၀)တန်နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်-အင်းတော်သွား ကားလမ်းတွင် HILUX TURBO (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်း တယောအိုး (၁ ဒသမ ၂၉၇၈)တန်၊ ပြစ်မှုကျူးလွန်သူ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
ဆင်သေရေလွှဲဆည်အတွင်း ငါးမြစ်ချင်းငါးသားပေါက်စိုက်ထည့်
20/06/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်၊ ချောင်း၊ ဆည်နှင့် တာတမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ..........
၂၀၁၉ ခုနှစ် အတွက် အာဆီယံဆု (ASEAN Prize 2019) ထပ်မံခေါ်ယူ
20/06/19
(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၁၉ ခုနှစ် အာဆီယံဆုကို ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ အပြီးသတ်ရွေးချယ်သည့် ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်အရ ဆုနှင့် ထိုက်တန်သူမရှိပါသောကြောင့် ၂၀၁၉ ခုနှစ်အာဆီယံဆုကို ပေးအပ်ချီးမြှင့်ရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအဆိုပြုလွှာများထပ်မံခေါ်ယူလျက်ရှိပါသည်။
မြို့နယ်တချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်
20/06/19
နေပြည်တော် ၂၀ ဇွန်
မြို့နယ်တချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှား ဆောင်ရွက်မှုများသည် ဤကော်မရှင်နှင့် သက်ဆိုင်မှုမရှိသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်လည်း အကျုံးဝင်မှု မရှိပါကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်
20/06/19
နေပြည်တော် ၂၀ ဇွန်
မြစ်ကြီးနား၌ အသက်(၈၅ နှစ်)အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့
20/06/19
မြစ်ကြီးနား ၂၀ ဇွန်
ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ အသက်(၈၅ နှစ်)အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့၊ အမှတ်(၁၃)တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) သို့ ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက် လှူဒါန်း
20/06/19
ကော့သောင်းမြို့၊ အမှတ်(၁၃) တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) ကျောက်ကပ်ရောဂါကုသမှုဌာနသို့ ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ------------