Latest News

နောက်ဆုံးရသတင်းများ

ကလေးသူငယ်အခွင့်အရေးများနှင့် အကာအကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒီးမော့ဆိုတွင် ကျင်းပ

ပြည်တွင်း

04/06/19

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် World Vision Myanmar (ဒီးမော့ဆို)တို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများနှင့် အကာအကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ မြို့မရပ်ကွက် စိန်ဂျိုးဇက်ဓမ္မာရုံ၌ ကျင်းပသည်။

ဆိပ်ကြီး-ရန်ကုန် စက်တပ်ရေယာဉ်စီးခ လက်မှတ်ရောင်းစနစ်ဖြင့် စတင် ပြောင်းလဲကောက်ခံလျက်ရှိ

ပြည်တွင်း

04/06/19

ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်ဝါးတန်းဆိပ်ကမ်း(ကီလီ)သို့ နေ့စဉ်မောင်းနှင် ပြေးဆွဲလျက်ရှိသည့်  ``ရွှေရန်ကုန် ´´ စက်တပ်ရေယာဉ်လိုင်းမှ ဆိပ်ကြီး-ရန်ကုန် စက်တပ်ရေယာဉ် စီးခအား (ဇွန် လ ၁ရက်နေ့)မှ စ၍ လက်မှတ်ရောင်းစနစ်ဖြင့် စတင်ပြောင်းလဲ ကောက်ခံလျက်ရှိကြောင်း သိရ

သစ်တောနည်းဥပဒေ(မူကြမ်း)အား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကြံပြုချက်များရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

04/06/19

သစ်တောနည်းဥပဒေ(မူကြမ်း)အား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျိုးသက်ဆိုင်သူများထံချပြ ဆွေးနွေးခြင်းနှင့် အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေး၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ဘုတ်ပြင်းမြို့ပြည်သူများနှင့်တွေ့ဆုံ

ပြည်တွင်း

04/06/19

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရ     အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက    ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ပုလဲရွှေရည် ခန်းမ၌ ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ   မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများနှင့်   တွေဆုံခဲ့ကြောင်းသိရ

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဟောပြောပွဲ ကျင်းပ

ပြည်တွင်း

04/06/19

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးတွင် ဇွန်လ ၄ ရက်  နံနက် ၉ နာရီက သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ယနေ့နံနက်ပိုင်း ရွှေဈေးနှုန်း

စီးပွားရေး

04/06/19

ရန်ကုန် ၄ ဇွန်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ယနေ့နံနက် ၁၁ နာရီ ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ၁၀၆၀ဝ၀ဝ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စမှာ ၁၃၂၂ ဒေါ်လာဖြစ်သည်။ ပြည်တွင်းငွေလဲလှယ်နှုန်းအနေဖြင့် အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၃၂ ဖြစ်ကြောင်း သိရသည်။

MDN

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

04/06/19

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

ချင်းတောင်တန်းနှင့် နွားနောက်များ

သတင်း ဆောင်းပါးများ

04/06/19

ချင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လေ့လာနိုင်ရန် ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့မှ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့အထိ တစ်မြို့ဝင် တစ်မြို့ထွက် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ချင်းပြည်နယ် နေရာအနှံ့တွင် နွားနောက်များကို မြင်တွေ့ခဲ့ရသည်။ ချင်း ပြည်နယ်၏ ထင်ရှားသော သတ္တဝါများအဖြစ် အောက်ချင်းငှက်နှင့် နွားနောက်တို့ကို ဖော်ညွှန်းလေ့ရှိကြရာ မိမိတို့ခရီးစဉ်တွင် အောက်ချင်းငှက်များကိုမူ မမြင်တွေ့ခဲ့ရပါချေ။

ကြို့ပင်ကောက်မြို့နယ်ရှိ တောင်သူများ အခြေခံစပါးကြမ်းခင်းဈေးနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်

ပြည်တွင်း

04/06/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ တောင်သူများက အခြေခံ စပါးကြမ်းခင်းဈေး ငါးသိန်း ရရှိရေးအတွက် ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀  မှ စတင်ကာ ၉ နာရီ မိနစ် ၂၀ အထိ စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြ

အဖတ်များဆုံး သတင်း